
၁၇. ၂. ၂၀၂၅
Translated by Thettant
အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေဖြစ်တဲ့ ဒီတိုနေတာ ၃၀၀၀ နဲ့အတူ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်စီးလာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး စစ်ပွဲအတွက် အသုံးပြုဖွယ်ရှိတဲ့ ဒီတိုနေတာ ၃၀၀၀ အပြင် Cordtex ဖောက်ခွဲရေးယမ်းကြိုး မီတာ ၇၅၀၊ ရိုင်ဖယ်လွယ်ကြိုး ၂၁ ချောင်း၊ ဖုန်းနှစ်လုံး၊ ဆိုင်ကယ်တစ်စီးနဲ့အတူ ဖမ်းမိခဲ့တာလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်ကတစ်ဆင့် ဖောက်ခွဲရေးပစ္စည်းတွေကို ခိုးသွင်းနေတယ်လို့ ရဲတပ်ဖွဲ့က သိရှိရတာကြောင့် စုံစမ်းထောက်လှမ်းနေချိန်အတွင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ ခိုးသွင်းလာမယ်လို့ ကြိုတင်းသတင်းရရှိမှုအရ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်၊ ဇို့ခေါရ်သာမြို့အနီးမှာ ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိသူနှစ်ဦးကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။
ဖမ်းမိသူနှစ်ဦးဟာ ချင်းလက်နက်ကိုင်တွေဖြစ်ဖွယ်လည်းရှိနေပြီး အသေးစိတ်ကို ဆက်လက်စိစစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်အတွင်း ရှောင်တခင်စစ်ဆေးရာမှာ ကားနှစ်စီး လူနှစ်ဦးနဲ့အတူ ဒီတိုနေတာ ၈၀၀ နဲ့ ဂျယ်လက်တင် ၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
Ref, NDTV