
၁၆. ၂. ၂၀၂၅
Translated by Thettant
တောင်ကိုရီးယားရဲ့ အလားအလာအရှိဆုံးမင်းသမီးတစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကင်မ်ဆေးယွန်ဟာ ဆိုးလ်မြို့က သူမ၏နေအိမ်မှာ ဒီနေ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ရဲတပ်ဖွဲ့က ဒီအမှုကို ဆက်လက် စုံစမ်းနေပါတယ်။
နာမည်ကြီး Netflix ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကင်မ်ဆေးယွန်ရဲ့ အလောင်းကို Seongsu-dong ခရိုင် သူမရဲ့ နေအိမ်မှာ ဒီညနေ ၄ နာရီ ၅၅ မိနစ်ခန့်မှာ သေဆုံးနေတာကို ပထမဆုံး တွေ့ရှိခဲ့ရတဲ့ သူမရဲ့သူငယ်ချင်းက ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့အပြီး သူမရုတ်တရက်သေဆုံးမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပေမဲ့ သံသယဖြစ်စရာအခြေအနေတွေ မတွေ့ရှိခဲ့ဘဲ သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ကင်မ်ဆေးယွန်ဟာ ၉ နှစ်သမီးအရွယ်ကတည်းက သရုပ်ဆောင်လောကထဲဝင်လာခဲ့ပြီး A Brand New Life (၂၀၀၉) အပြင် တောင်ကိုရီးယားရဲ့ ဝင်ငွေအကောင်းဆုံး The Man From Nowhere (၂၀၁၀) ဇာတ်ကားတွေမှာ အထင်ကြီးစရာကောင်းတဲ့ သရုပ်ဆောင်မှုကြောင့် ကျော်ကြားလာခဲ့ပြီး ၂၀၁၂ မှာလည်း သည်းထိတ်ရင်ဖိုဇာတ်ကား The Neighbour မှာ ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုအသိအမှတ်ပြုမှုလည်း ရရှိခဲ့ပါတယ်။
အခြားသော ထင်ရှားကျော်ကြားတဲ့ ၂၀၁၄ ခုနှစ်က A Girl at My Door ဇာတ်ကား ၂၀၁၆ ခုနှစ်မှာ Mirror of the Witch လို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး အလားအလာအရှိဆုံးလို့ သတ်မှတ်ခံခဲ့ရပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ အရက်သောက်ပြီး ကားမောင်းတဲ့ ဖြစ်ရပ်ကြောင့် လူမြင်ကွင်းက ပျောက်ကွယ်ခဲ့သလို ၂၀၂၃ ခုနှစ် ဧပြီလမှာ ဝမ်သန်း ၂၀ ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။
Kim ဟာ Netflix ရဲ့ ၂၀၂၃ ခုနှစ်ကထွက်ရှိတဲ့ ကိုရီးယားဒရာမာ Bloodhounds မှာ နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ အရက်မူးပြီး ကားမောင်းတဲ့ဖြစ်ရပ်ကြောင့် သူမရဲ့ အခန်းအများစုကို ဖြတ်တောက်ခံခဲ့ရတယ်လို့လည်း Variety က ဖော်ပြခဲ့ပါတယ်။
Ref, BBC
