
MT News
၁၆. ၂.၂၀၂၅
ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင်နေအိမ်တွင် ချက်ပြုတ်နေသူများကို PDF အဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်နေသူများအား ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်းပြကာ PDF အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မောင်ဖိုးခွား အသက် ၁၄ နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး၊ အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ သေဆုံး/ထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ PDF များကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
