
၁. ၁၅. ၂၀၂၅
Written by MAK
◾လက်စတာ Vs အာဆင်နယ်
အာဆင်နယ်တိုက်စစ်မှာ ဆာကာ ၊ ဟာဗက် ၊ ဂျီးဆပ်နဲ့ မာတင်နယ်လီတို့ ဒဏ်ရာပြဿနာကြောင့် မပါနိုင်ပေမဲ့ တစ်လုံးအရှုံးထိ ပေးထားတဲ့ ဘော်ဒီကြေးက အနည်း ငယ်ပြင်းရှနေပါတယ် ။ ပုံမှန်အခြေအနေဆိုရင် အခုပေါက်ကြေးက မှန်ကန်မှုရှိတယ်လို့ ပြောရမှာ ဖြစ်ပေမဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတဲ့ အနေအထားမှာ ဒီပေါက်ကြေးက ပြင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ သို့ပေမဲ့ ပွဲချိန်နီးကပ်လာရင် အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး ကျဆင်းလာနိုင်ပါတယ် ။ တကယ်လို့ အိမ်ရှင်လက်စတာအသင်းကသာ တစ်ဂိုးလောက်ရသွားရင် အာဆင်နယ်တိုက်စစ်က သုံးဂိုးပြန်သွင်းမှ ကြေးအောင်မှာဖြစ်တဲ့အတွက် ကြေးအောင်ဖို့ ခက်ခဲသွားနိုင်ပါတယ် ။ တန်းဆင်းဇုန်းရုန်းနေတဲ့ အိမ်ရှင်လက်စတာအသင်း တစ်ဂိုးလောက် ရသွားနိုင်သလို ရှုံးခဲ့ရင်တောင် ဂိုးပြတ်ကြီးနဲ့ ရှုံးနိမ့်သွားမယ်လို့ မထင်တဲ့အတွက် အောက်အသင်းဖြစ်တဲ့ လက်စတာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။






◾မန်စီးတီး Vs နယူးကာဆယ်
ဖေဖော်ဝါရီလကတော့ မန်စီးတီးအသင်းအတွက် အခက်အခဲဆုံးကာလတစ်ခု ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ ချန်ပီယံလိဂ်မှာ ရီးရဲအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲစဉ်ကစားပြီးရင် ရီးရဲအသင်းရဲ့ အိမ်ကွင်း ချန်ပီယံလိဂ် ဒုတိယအကျော့
ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ် ။ အခုပွဲစဉ်က နယူးကာဆယ်နဲ့ကစားရမှာကြောင့် ခက်ခဲနိုင်သလို နောက်ပွဲကစားရမဲ့ ရီးရဲအသင်းနဲ့ ပွဲစဉ်ကလည်း ခက်ခဲဦးမှာ သေချာပါတယ် ။ ဒီနှစ်ပွဲပြီးရင် လီဗာပူးအသင်း ၊ စပါးအသင်းတို့နဲ့ ကစားရမဲ့ အခြေအနေတွေမှာ စွမ်းဆောင်မှုကောင်း မပြနိုင်ရင် မန်စီးတီးအသင်း တော်တော်လေး ခက်ခဲသွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ်မှာ ပွဲစဉ်အများကြီး ကစားရဖို့ ကျန်နေသေးပေမဲ့ နောက်ပွဲမှာ ကစားရမဲ့ ရီးရဲအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အနိုင်မရခဲ့ရင် ထွက်ရတော့မှာ ဖြစ်တဲ့အတွက် နောက်ပွဲမှာ ကစားရမဲ့ ရီးရဲအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို အာရုံရောက်နေနိုင်ပါတယ် ။ ပထမအကျော့မှာ အဝေးကွင်းကနေ တစ်လုံးငါးဆယ်စားပေးထားတဲ့ မန်စီးတီးအသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ ပြားကိုးဆယ်လောက်သာ ပေးထားနိုင်တဲ့ ဘော်ဒီကြေးက အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ် ။ ဂိုးပေါင်းကြေး သုံးလုံးအရှုံးဆိုတဲ့ပေါက်ကြေးမှာ အဝေးကွင်းနယူးကာဆယ်အသင်း ဂိုးရနိုင်တဲ့အတွက် သရေကျရင် ကြေးအပြည့်ရမဲ့ နယူးကာဆယ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs အစ်ဆွချ်
ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ တိုက်စစ်မှူးဒူရန်ကို ရောင်းထုတ်ခဲ့ပြီး အရည်အသွေးမြင့်တဲ့ တိုက်စစ်ကစားသမား သုံးယောက်နဲ့ နောက်တန်းသုံးယောက်တို့ကို ခေါ်ယူထားနိုင်တဲ့ ဗီလာအသင်းရဲ့ လူသစ်ခေါ်ယူမှုက အရမ်းကောင်းခဲ့ပါတယ် ။ လူသစ်ခေါ်ယူမှုတွေကြောင့် ဗီလာအသင်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် နှစ်ခုလုံးကို အားထည့်ကစားလာမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ် ။ တန်းဆင်းဇုန်ထဲက အစ်ဆွချ်အသင်းက အိမ်ကွင်းဆိုရင်သာ ကစားအားကောင်းပေမဲ့ အဝေးကွင်းခြေစွမ်းက အားရစရာ မရှိပါဘူး ။ ပထမအကျော့မှာ သရေအရှုံးပေးခဲ့တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ တစ်လုံးသရေလောက် ပေးရမှာ ဖြစ်ပေမဲ့ တစ်လုံးသွင်းရင် ပြားသုံးဆယ်ရှုံးမယ်ဆိုတဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေပါတယ် ။ ဒါဟာ ဗီလာအသင်း အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့အပတ်မှာ ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့သလို ဒီပွဲပြီးရင် လီဗာပူးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့လို အသင်းကြီးတွေနဲ့ ကစားရမှာဖြစ်တာကြောင့် ဒီအိမ်ကွင်းပွဲမှာ ဗီလာအသင်းအနေနဲ့ သေချာပေါက် အနိုင်ရအောင်ကစားမယ်လို့ ထင်ပါတယ် ။ တစ်ဂိုးအသာလောက်က အနိမ့်ဆုံးကြည့်ရမှာ ဖြစ်တာကြောင့် ပြားသုံးဆယ်ရင်းပြီး ဗီလာဘော်ဒီကို ရွေးချယ်ကစားသင့်ပါတယ် ။
◾ဆောက်သမ်ပ်တန် Vs ဘုန်းမောက်
ကိုးမှတ်ရထားတဲ့ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းအနေနဲ့ တန်းဆင်းဇုန်လွတ်ဖို့ မျှော်လင့် ချက်ရှိနေသေးတယ်ဆိုပေမဲ့ ပွဲစဉ်တိုင်းကို အနိုင်ကစားဖို့လိုပါတယ် ။ ဆောက်သမ်ပ်တန်အသင်းအနေနဲ့ အခုလိုအိမ်ကွင်းပွဲတွေမှာ အနိုင်ရထားဖို့ လိုအပ်တဲ့အတွက် တိုက်စစ်ဖွင့်ကစားလာနိုင်သလို နောက်ဆုံးငါးပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ အချက်က ဒီပွဲမှာလည်း ဂိုးရနိုင်ပါတယ် ။ ဘုန်းမောက်အသင်းပေးထားတဲ့ တစ်လုံးငါးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက အရမ်းကိုပြင်းရှနေပြီး ဂိုးပေါင်းကြေးကလည်း သုံးလုံးငါးဆယ်စားဆိုတာကလည်း ပြင်းရှနေပြန်ပါတယ် ။ ဒီပွဲမှာ အနိုင်ရဖို့ဦးတည်ကစားလာမဲ့ ဆောက်သမ်ပ်တန်အသင်းရော ဘော်ဒီကြေးပြင်ရှနေတဲ့ ဘုန်းမောက်အသင်းရော နှစ်သင်းလုံးဂိုးရနိုင်တဲ့ အခြေအနေဖြစ်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ဆောက်သမ်ပ်တန်အသင်း တစ်ဂိုးရသွားရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု ဖြစ်လို ဆောက်သမ်ပ်တန်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ကစားသင့်ပါတယ် ။
◾ဖူဟမ် Vs နော်တင်ဟန်ဖောရက်
အဆင့်သုံးက နော်တင်ဟန်ဖောရက်အသင်းကို အဆင့်တစ်ဆယ်က ဖူဟမ်အသင်းက ပြားခြောက်ဆယ်အရှုံးလောက်ထိ ကြေးကြောပြန်ပေးထားတဲ့ ပေါက်ကြေးက စိတ်ဝင်စားစရာ ကောင်းပါတယ် ။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့အသင်းနဲ့ ဖူဟမ်အသင်းကို လည်ဗယ်တူအသင်းအနေနဲ့ ယှဥ်ကြည့်မယ်ဆိုရင် ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ဒဲ့အနေအထားသာ ပေးထားခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲမှာ ဖောရက်အသင်းအနေနဲ့ အထက်ကြေးမပေးနိုင်ရင်တောင် ဒဲ့ဆိုတဲ့ ပေါက်ကြေးမျိုးကို ဖွင့်ပေးရမှာပါ ။ ဖူဟမ်အသင်းရဲ့ ပြားခြောက်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးက အိမ်ရှင်ဖူဟမ်အသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ် ။ ဖူဟမ်အသင်းက ဇယားထိပ်ပိုင်းက အသင်းတွေဆို ဒုက္ခကောင်းကောင်း ပေးတတ်သလို ပေါက်ကြေးအနေအထားအရ ဖူဟမ်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
◾ဝက်စ်ဟမ်း Vs ဘရန့်ဖို့
တန်းဆင်းဇုန်နဲ့ ဆယ်မှတ်ကွာနေတဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဖိအားမရှိဘူးဆိုပေမဲ့ နည်းပြသစ် ဂရေဟမ်ပေါ်တာ အနေနဲ့ ရလဒ်ကောင်းဖို့ လိုအပ်နေပါသေးတယ် ။ ဘရန့်ဖို့အသင်းကတော့ အမှတ်ပေးဇယားအလယ်မှာ ဟိုမရောက် ဒီမရောက် ဖြစ်နေပြီး ဘာဖိအားမှ မရှိပါဘူး ။ ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက ဘော်ဒီကြေးက ပြားနှစ်ဆယ်သာပေးထားပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးနှစ်ဆယ်အရှုံးပေါက်နေပြီး တော်တော်လေးပြင်းရှနေပါတယ် ။ ဘာဖိအားမှ မရှိတဲ့အသင်းနှစ်သင်း အရှုံးအနိုင်အဖြေပေါ်အောင် တိုက်စစ်ဖွင့်ကစားမယ်လို့ ယူဆလို့ရပါတယ် ။ ဝက်စ်ဟမ်းအသင်းက တိုက်စစ်အသားပေး ကစားတတ်သလို ပြိုင်ဘက်အသင်းက တိုက်စစ်ဖွင့်ကစားရင် ဘရန့်ဖို့အသင်းကလည်း တိုက်စစ်ဖွင့်ကစားတတ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ် ။ တစ်ဖက်တစ်ဂိုးစီအပြင် သုံးဂိုးလောက်က အသာအယာမြင်တွေ့ရနိုင်တာကြောင့် ပြားနှစ်ဆယ်ရင်းပြီး ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾ခရစ္စတယ်ပဲလေ့စ် Vs အဲဗာတန်
အဲဗာတန်အသင်းမှာ ကွင်းလယ်လူ ဒူကိုရီ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်သလို တိုက်စစ်က မက်နေး ၊ အန်ဒီရက် ၊ ကဲဗတ်လီဝင် တို့အပြင် ရှေ့လယ်နောက် အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာ ရှိနေတာကြောင့် မပါနိုင်ပါဘူး ။ ဒီအခြေအနေတွေကြောင့် အိမ်ရှင်ပဲလေ့စ်အသင်းက ဘော်ဒီကြေးကို တစ်လုံးရှစ်ဆယ်စားအထိ ပေးထားတယ်လို့ ထင်ပါတယ် ။
လက်ရှိအချိန်မှာ အဲဗာတန်အသင်းက နောက်ဆုံးလေးပွဲမှာ သုံးပွဲနိုင်ပြီး တစ်ပွဲသရေကစားထားတဲ့
ခြေစွမ်းက အကောင်းဘက်မှာ ရှိနေတယ်လို့ ပြောရမှာ ဖြစ်တဲ့အတွက် ပဲလေ့စ်အသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှပါတယ် ။ လေးပွဲဆက် ကြေးအောင်ထားတဲ့ အဲဗာတန်အသင်း အခုပွဲစဥ်မှာ ရှုံးနိမ့်သွားပြီး ကြေးပြန်ကျမယ်လို့ ယူဆပါတယ် ။ ပဲလေ့စ်အသင်းက အိမ်ကွင်းကောင်းသလို ပေါက်ကြေးအရ လူမစုံတဲ့ အဲဗာတန်အသင်းကို အနိုင်ရသွားနိုင်တာကြောင့် ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။