



၁၅.၂.၂၀၂၅
Translated by Htwe Ko Tun
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့လေဆိပ်ကိုသွားနေတဲ့လက်ဘနွန်နိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်း မှု ထိန်းသိမ်းရေးတပ်ဖွဲ့(UNIFIL) ယာဉ်တန်းကို ဖေဖော်ဝါရီလ ၁၄ ရက်က အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရပြီးတဲ့နောက် UNIFIL တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး Aroldo Lazaro Saenz ဒဏ်ရာရခဲ့တယ်လို့ UNIFIL က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
Lazaro ပါဝင်တဲ့ယာဉ်တန်းက ဘေရွတ်မြို့ Rafik Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုသွားနေစဉ်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ကိုထောက်ခံသူတွေက တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကိုထောက်ခံသူတွေက အီရန်မှာသောင်တင်နေတဲ့ နိုင်ငံသားတွေပြန်လာနိုင်ဖို့နဲ့ လက် ဘနွန်အစိုးရအပေါ် ပြင်ပဩဇာလွှမ်းမိုးမှုတွေ မရှိစေအောင် ပိတ်ဆို့ထားဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် Al Manar သတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒီအကြမ်းဖက်မှုအပေါ် ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်ပေးဖို့ လက်ဘနွန်အစိုးရကို UNIFIL က ကြေညာချက်မှာတောင်းဆိုခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာထောက်ခံသူတွေက ကုလသမဂ္ဂတံဆိပ်ပါတဲ့ ကား ကိုတိုက်ခိုက်ပြီး ကားအတွင်းကလူတွေကို ရိုက်နှက်ခဲ့ကြရာမှာ အနည်းဆုံး UNIFIL တပ်ဖွဲ့ အရာရှိတစ်ဦး ဒဏ်ရာရခဲ့တာလို့ဆိုကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူတွေက သံတုတ်တွေကိုင်ဆောင်ထားကြပြီး အနည်းဆုံးကားတစ်စီးကို မီး ရှို့ခဲ့ကြတယ်လို့သိရပါတယ်။သူတို့က လမ်းမှာ ‘ရှီးအိုက်’ ‘ရှီးအိုက်’ လို့ကြွေးကြော်ဆအော်ဟစ်သွားကြ တယ်လို့ လက်ဘနွန်မီဒီယာက ပြောကြားခဲ့ပါတယ်။
လူမှုကွန်ရက်မှာတက်လာတဲ့ ဗီဒီယိုတွေမှာတော့ ဆန္ဒပြသမားတွေက ဟစ်ဇ်ဘိုလာအလံတွေကို ဝှေ့ယမ်းနေတာ တွေ့ကြရပြီးလမ်းကိုပိတ်ဆို့ကာ မီးရှို့နေကြတာတွေ့ရပါတယ်။လက်ဘနွန်စစ်တပ် ကတော့ လက်ဘနွန်နိုင်ငံသားတွေကို အဓိကရုဏ်းလှုပ်ရှားမှုတွေမှာမပါကြဖို့ သတိပေးခဲ့ပြီး နိုင်ငံအတွင်း အကျပ်အတည်းအခြေအနေကိုသာ ရောက်စေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ်ကလည်း ထိုအကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး UNIFIL ကို ထောက်ခံပြောကြားခဲ့ပါတယ်။
Ref- Jerusalem Post
