



၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို အေးသီရိကိုက တိမ်ပန်းချီ ဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပါတယ်။
“ဒီဆုကို မမျှော်လင့်ထားဘဲ ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အရင်ဆုံး မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ စေတနာစာပေ ရွှေပဒေသာစာပေ၊ ဆရာတွေကို ကျေးဇူးတင်ပါတယ်။ မာန်ထက်ချီက သီရိကို ရိုက်ကွင်းပေါ်မှာ ဇာတ်ညွှန်းဆိုတာ ရုပ်လုံးပေါ်အောင်ရေးရတယ်ဆိုတဲ့ ဆရာ ဦးမီးပွား၊ ဦးငြိမ်းမင်းစတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ သီရိတိမ်ပန်းချီတစ်ဖွဲ့လုံးကို ကျေးဇူးတင်ပါတယ်။ သီရိ ဒီထက်ကောင်းတဲ့ ဇာတ်ညွှန်းရေးပါမယ်”လို့ ဇာတ်ညွှန်း အေးသီရိကိုက ပြောပါတယ်။
တိမ်ပန်းချီဇာတ်ကားကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Brave Empire Production ရဲ့ တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ရုပ်ရှင်ရုံတင်ပြသချိန်မှာ ဝင်ငွေစံချိန်ချိုးပြီးတော့ ၅ ပတ်အထိ ရုံတင်ပြသခွင့်ကို ရရှိခဲ့တာပါ။