




၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်အသံဆုကို အောင်မျိုး မြတ်နဲ့ ရဲဝင်းတို့က မီးရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့ပါတယ်။
“ကျွန်တော် ရိုးရိုးသားသားပြောရရင် ကိုယ့်အတွက် ဆုကျန်ပါဦးမလား စိတ်ပူမိတယ်။ အခုတော့ အမေဝမ်းသာနေလိမ့်မယ်လို့ ထင်ပါတယ်။ ဒုတိယကတော့ ကျွန်တော့်ရဲ့ ဆရာ အသံပညာရှင် အကယ်ဒမီ ဦးသိန်းအောင်ကို၊ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ ရိုက်ကူးရေးလုပ်ချိန်မှာ အသံဖမ်းချိန်မှာ ကျေးဇူးတင်ပါတယ်။ စက်မှု အလွှာက အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့် ပြောချင်ပါတယ်”လို့ အောင်မျိုးမြတ်က ပြောပါတယ်။
ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ဝတ္တု ဇာတ်လမ်း ဇာတ်ညွှန်း အင်ကြင်းဟန်ရေးသားပြီး ဒါရိုက်တာမီးပွားက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ နေဝင်း၊ ခင်ဝင့်ဝါ၊ ပိုးမမှီသာတို့နဲ့ ရိုက်ကူး ပါဝင် သရုပ်ဆောင်ထားကြတဲ့ ကားလည်းဖြစ်ပါတယ်။
“ကျွန်တော့်ဆရာဖြစ်တဲ့ ဦးကြည်မင်းသိန်းထံမှာ ဆရာဆီမှာ သင်ယူခဲ့တာပါ။ ကျွန်တော် ကားတိုင်းကိုလည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ရဲဝင်းက ပြောပါတယ်။