


၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဂီတဆုကို အကယ်ဒမီ ဓိရာမိုရ်က အိပ်မက်ကာရန်ရုပ်ရှင်နဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။
“ဘုရား တရား သံဃာ အနန္တငါးပါးကို ဦးထိပ်ထားပါတယ်။ စန္ဒယား အလင်္ကာကျော်စွာ ကိုပြည်အေး၊ သင်ဆရာ ဦးကိုကို၊ စန္ဒယားလှထွဋ်၊ ဆရာအရင်း တယောဦးတင်ရီ ဂီတရေစီးကြောင်းတစ်လျှောက်မှာ အများကြီး ပေးဆပ်ခဲ့တဲ့ ဆရာကြီးတွေရဲ့ ဂုဏ်ကျေးဇူးကြောင့် အကယ်ဒမီဆုရတယ်လို့ ထင်ပါတယ်။ တကယ်လကို ခက်ခဲတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ပရိုဂျူဆာ နီနီကိုလည်း ကျေးဇူးတင်တယ်။ သရုပ်ဆောင်ပေးခဲ့တဲ့ ဂီတရုပ်ရှင်မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဦးကြည်မင်းသိန်း စတဲ့သူတွေ အဖက်ဖက်က ဝိုင်းဝန်းကြတဲ့ ဆိုင်းတီးပေးခဲ့တဲ့ မြန်မာပြည်ကျောက်စိမ်းရဲ့ မျိုးဆက်သစ်ကိုလည်း ကျေးဇူးပါတယ်”လို့ ဂီတမှူး အကယ်ဒမီ ဓီရာမိုရ်ကပြောပါတယ်။
ရက်ဒ်ဒီရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း နီနီခင်ဇော်၊ ဇာတ်ညွှန်း မိုးနီလွင်တို့ ရေးသားထားပြီးတော့ ဒါရိုက်တာ ဝင်းလွင်ထက်၊ Music Director အနေနဲ့ အကယ်ဒမီ ဓီရာမိုရ်တိုက ၂၀၂၀ ပြည့်နှစ်က ပုံဖော်ခဲ့သလို ပြန်လည် ရိုက်ကူးမှုမှာတော့ ၂၀၂၄ ခုနှစ်နဲ့ဆိုင်တဲ့ လိုအပ်ချက်တွေကို ပြန်လည်အကောင်းဆုံး ပုံဖော်ထားတယ်လို့ သိရပါ တယ်။
ဒီ Musical ဇာတ်ကားမှာတော့ တေးသီချင်းကောင်း ၂၄ ပုဒ်ကိုထည့်သွင်းထားတာလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော်၊ Special Guest အနေနဲ့ မေခလာ ၊ တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း၊ ဝိုင်းလေး၊ ယွန်းရွှေရည်၊ ဆုမြတ်နိုးဦး၊ စင်သီယာ၊ ရွှေပိုးကောင်၊ ဆွိ၊ အောင်ကိုမိုး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
