



၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို Taurus V ရုပ်ရှင်ထုတ်လုပ်ရေးက ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
“နိုင်ငံတော်က တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီကားကို တခဲနက်အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ ပါဝင်ပေးတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ သမီးကစ်ကစ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာမ ပုဏ္ဏခင်ကျွန်တော်တို့ကို ပံ့ပိုးပေးကြတဲ့ Forever group ကိုလည်း ကျေးဇူးတင်ပါတယ် ”လို့ Taurus V ထုတ်လုပ်ရေးက ပြောပါတယ်။
Taurus V ထုတ်လုပ်ရေးက အချစ်ဒရာမာဇာတ်လမ်းပုံစံ “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင် ဇာတ်ကားကြီးမှာ သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင် ၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည် ၊ အကယ်ဒမီ မင်းဦး ၊ မင်းသူ ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီ ခင်မို့မို့အေး ၊ ထူးခြား ၊ ဆင်မ ၊ ဇော်မှိုင်း ၊ ကျော်ထက် ၊ ဈူးဈူးဈာန် ၊ ဂရိတ်ချမ်း စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
