



၁. ၂. ၂၀၂၅
Written by MMAK
◾နော်တင်ဟန်ဖောရက် Vs ဘရိုက်တန်
အဆင့်သုံးမှာရပ်တည်နေတဲ့ အိမ်ရှင်ဖောရက်အသင်းအနေနဲ့ အဆင့်ကိုးက ဘရိုက်တန်အသင်းကို ပြားတစ်ဆယ်ဆိုတဲ့ ပေါက်ကြေးပါးပါးကိုသာ ပေးထားတာ တွေ့ရပါတယ်။ ဒီပေါက်ကြေးက ဖောရက်အသင်း အနိုင်ရဖို့ မလွယ်ကူတဲ့ ပေါက်ကြေးလို့ ပြောရမှာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့အပတ်ကမှ ဘုန်းမောက်အသင်းကို ဂိုးပြတ်ရှုံးထားတာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲမှာ ထပ်ရှုံးမယ်လို့ မထင်ပါဘူး။ ဖောရက်အသင်းက ကြေးပျော့နေရင်လည်း ကြေးအောင်တတ်တာမျိုး ခဏခဏတွေ့ရတဲ့အတွက် အိမ်ကွင်းပွဲမှာ ရှုံးသွားမယ်လို့ မထင်ပါဘူး။ ပထမအကျော့မှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးသွင်းတာနဲ့ အပြည့်စားရမှာ ဖြစ်တဲ့အတွက် ဂိုးပေါ်နိုင်ဖို့ ခက်ခဲနိုင်တယ်ဆိုတဲ့ ပေါက်ကြေး ဖြစ်နေပါတယ်။ စနေညရဲ့ အစောပွဲမှာ ဂိုးပေါ်မဖြစ်နိုင်ဘဲ အိမ်ရှင်ဖောရက်အသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ ကစားကွက်အရ ကြည့်မယ်ဆိုရင် ဘရိုက်တန်အသင်းကို ဘောလုံးပေးကစားပြီး ကောင်တာတိုက်စစ်နဲ့ ကစားလာနိုင်တဲ့ ဖောရက်အသင်းက ဂိုးရနိုင်ခြေ ပိုများပါတယ်။ ပေါက်ကြေးအနည်းငယ်သာ ပေးထားပေမဲ့ အခုပွဲစဥ်မှာ အိမ်ရှင်ဖောရက်အသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
◾ဘုန်းမောက် Vs လီဗာပူးလ်
နောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲမရှိခဲ့သလို အရမ်းတွေကောင်းနေတဲ့ နယူးကာဆယ်နဲ့ ဖောရက်အသင်းတို့ကို ဂိုးပြတ်သွင်းပြီး အနိုင်ယူခဲ့တဲ့ ဘုန်းမောက်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ လီဗာပူးလ်အသင်းကို ဒုက္ခကောင်းကောင်း ပေးလာနိုင်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တစ်လုံးသွင်းရင်တောင် ပြားအနည်းငယ်စားရမဲ့ ဘော်ဒီကြေးက ပျော့နေပေမဲ့ ဂိုးပေါင်းကြေးက သုံးဂိုးသွင်းရင်တောင် တစ်ဝက်လောက်နစ်နာမယ်ဆိုတဲ့အတွက် တော်တော်လေး ပြင်းရှနေတာ တွေ့ရပါတယ်။ အခုပွဲစဥ်က နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်သလို လက်ရှိခြေစွမ်းအရလည်း နှစ်သင်းလုံး ဂိုးသွင်းနိုင်တယ်ဆိုတာကို တွေ့ရမှာပါ။ ဘုန်းမောက်အသင်းက အိမ်ကွင်းကောင်းတာ ဖြစ်တဲ့အတွက် လီဗာပူးလ်အသင်းကို လုံးဝရှိန်နေမှာမဟုတ်ဘဲ အပြန်အလှန်ထိုးဖောက် ကစားလာနိုင်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ သုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်သလို လေးဂိုးထိ မြင်ရဖို့ မခက်တာကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။
◾အဲဗာတန် Vs လက်စတာ
ပြီးခဲ့တဲ့အပတ်က ပွဲစဥ်တွေမှာ နှစ်သင်းလုံး အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပြီး တန်းဆင်းဇုန်ရုန်းအားကို ပြသထားနိုင်တာကို တွေ့ရပါတယ်။ ဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းကို သေချာပေါက် တန်းဆင်းရမယ်လို့ သုံးသပ်ထားတဲ့အတွက် လက်ကျန်နှစ်နေရာကို အစ်ဆွချ်၊ ဝုဗ် ၊ လက်စတာနဲ့ အဲဗာတန်တို့ကို ရွေးချယ်ထားပါတယ်။ ဒီပွဲမှာ သရေအရှုံးပေးထားတဲ့ အဲဗာတန်အသင်းအနေနဲ့ ဒီပွဲနိုင်သွားရင် ကိုးမှတ်ပြတ်သွားမှာ ဖြစ်တဲ့အတွက် တန်းဆင်းဇုန်တိုက်ပွဲကို သုံးသင်းဘဲ ကစားရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲကို လေးသင်းလောက်ထိ အပြိုင်အဆိုင် ဖြစ်နေတာမျိုး ဖန်တီးလာနိုင်တာကြောင့် အခုပွဲစဥ်မှာ အဲဗာတန်အသင်း အနိုင်မရနိုင်ပါဘူး။ သရေကျသွားနိုင်သလို လက်စတာအသင်းတောင် အနိုင်ရသွားနိုင်တယ်လို့ ယူဆထားပါတယ်။ ဒီညမှာ အစ်ဆွချ်အသင်းနဲ့ ဝုဗ်အသင်းတို့ အမှတ်ရနိုင်ခြေ များတာကြောင့် လက်စတာအသင်းကိုလည်း အမှတ်ပေးချင်ပြီး အဲဗာတန်အသင်းကို အမှတ်မရစေချင်ပါဘူး။
ဒီအခြေအနေမှသာ လူတိုင်းစိတ်ဝင်စားတဲ့ ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်တိုက်ပွဲက ကြည့်ကောင်းနေမှာပါ။ ဒီအတွက်ကြောင့် သရေအရှုံးပေးထားတဲ့ အဲဗာတန်အသင်းကို ငြင်းပယ်ရမှာ ဖြစ်ပြီး လက်စတာအသင်း အနိမ့်ဆုံး သရေရသွားနိုင်ပါတယ်။
◾အစ်ဆွချ် Vs ဆောက်သမ်ပ်တန်
ခြောက်မှတ်သာ ရထားတဲ့ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းအနေနဲ့ ပွဲစဥ်တိုင်းကို နိုင်ပွဲရဖို့အတွက် တိုက်စစ်ဖွင့်ကစားနေပြီး နောက်ဆုံးငါးပွဲဆက် ဂိုးပေါ်ထားကာ ငါးပွဲလုံး ရှုံးနိမ့်ထားပါတယ်။
ဒါဟာ တိုက်စစ်ဖွင့်ကစားတဲ့ ဆောက်သမ်ပ်တန်အသင်းက ဂိုးရဖို့ထက် ပေးဂိုးပိုများနေပြီး ဂိုးပြတ်တွေ ရှုံးနေတာဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်ရှင် အစ်ဆွချ်အသင်းကလည်း သေချာပေါက်အနိုင်ရဖို့ကိုဘဲ ဦးတည်ကစားလာနိုင်တာကြောင့် ဒီပွဲအတွက် အကြိုက်ဆုံးက ဂိုးပေါ်ဖြစ်ပါတယ်။ တန်းတက်နှစ်သင်းတွေ့ကြရင် ဂိုးပေါ်လေ့ရှိပြီး လက်ရှိအခြေအနေအရလည်း နှစ်သင်းလုံးတိုက်စစ် ဖွင့်ကစားလာနိုင်တဲ့အတွက် သုံးဂိုးသွင်းရင် တစ်ဝက်လောက် အနိုင်ရမဲ့ ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ နောက်တစ်ချက်က အနိုင်ရလဒ်ရနိုင်တဲ့ အသင်းကို ရွေးပါဆိုရင် အိမ်ရှင်အစ်ဆွချ်အသင်းကိုရွေးချယ်ရမှာ ဖြစ်ပြီး အစ်ဆွချ်အသင်း အနိုင်ရသွားမလား ဂိုးပေါ်သွားမလားလို့ စဥ်စားလိုက်ချိန်မှာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို တွေ့ရပါတယ်။ သရေအရှုံးပေးထားတဲ့ အိမ်ရှင်အစ်ဆွချ်အသင်းနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပြီး နှစ်ခုထဲက တစ်ခု အနိုင်ရနိုင်သလို နှစ်ခုလုံးလည်း အောင်သွားနိုင်ပါတယ်။
◾နယူးကာဆယ် Vs ဖူဟမ်
ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်အသင်းအနေနဲ့ အခုလိုအိမ်ကွင်းပွဲတွေမှာ သေချာ ပေါက် အမှတ်ရထားဖို့လိုပါတယ်။ ဖူဟမ်အသင်းကတော့ အသင်းကြီးတွေကို ဒုက္ခလိုက်ပေးနေတဲ့ ဖျက်မျဥ်းအသင်းဖြစ်တဲ့အတွက် အခုပွဲစဥ်မှာ နယူးကာဆယ်အသင်းကို ဒုက္ခကောင်းကောင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ တစ်လုံးသွင်းရင် တစ်ဝက်လောက်ပဲ အနိုင်ရမယ်ဆိုတဲ့ နယူးကာဆယ်အသင်းရဲ့ ပေါက်ကြေးက မှန်ကန်မှု ရှိတယ်လို့ သုံးသပ်ရမှာ ဖြစ်ပြီး အိမ်ကွင်းပွဲမှာ အမှားမခံတမ်းကစားလာမဲ့ နယူးကာဆယ်အသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ဖူဟမ်အသင်းရဲ့ ခြေစွမ်းက အကျဘက်ကို အနည်းငယ်ရောက်နေတာကို တွေ့ရပြီး အဝေးကွင်းလည်း ဖြစ်နေတာကြောင့် တစ်ခုခုလုပ်ပြမယ်လို့ မထင်ပါဘူး။ နယူးကာဆယ်အသင်းက နောက်ဆုံးဆယ်ပွဲမှာ ကိုးပွဲအထိ အနိုင်ရခဲ့ပြီး ဘုန်းမောက်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားတာ တွေ့ရသလို တိုက်စစ်ကလည်း အီဆတ်နဲ့ဂေါ်ဒွန်တို့ ခြေစွမ်းပြနေတာကြောင့် ဂိုးမြူးနေပါတယ်။ ဒီပွဲစဥ်မှာ အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်တဲ့ အိမ်ရှင်နယူးကာဆယ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝုဗ် Vs အက်စတွန်ဗီလာ
ပထမအကျော့အိမ်ကွင်းပွဲမှာ တစ်လုံးသရေပေးပြီး စုံပေါ်အောင်ထားတဲ့ ဗီလာအသင်းအနေနဲ့ အခုပွဲစဥ်မှာ သရေအရှုံးလောက် ပေးရမှာ ဖြစ်ပေမဲ့ ပြားငါးဆယ်လောက်သာ ပေးထားနိုင်တာ တွေ့ရတဲ့အတွက် ဗီလာအသင်း အနိုင်ရဖို့ ခက်ခဲနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။ ဝုဗ်အသင်းက နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ထားသလို ဒီပွဲပြီးရင် လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်လို့ အခုပွဲစဥ်မှာ အမှတ်ရရှိဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဗီလာအသင်းက ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကို အားထည့်ကစားခဲ့ရသလို တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ ဒူရန်ကို ရောင်းထုတ်လိုက်တဲ့အတွက် တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိလာနိုင်ပါတယ်။ အခုညမှာ တန်းဆင်းဇုန်ထဲကအသင်းတွေ ဖြစ်တဲ့ လက်စတာနဲ့ အစ်ဆွချ်တို့ အမှတ်ရနိုင်ခြေ ရှိတဲ့အတွက် ဝုဗ်အသင်းကိုလည်း သရေတစ်မှတ်လောက် ရသွားမယ်လို့ ထင်ပါတယ်။ အဝေးကွင်း ဗီလာအသင်းရဲ့ ပေါက်ကြေးက နိုင်ကြေးမဟုတ်သလို ရလဒ်ကောင်းဖို့ ကြိုးစားလာမဲ့ အိမ်ရှင်ဝုဗ်အသင်း သရေရသွားနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
