MT News Today Facebook
မြန်မာပြည်မှာ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်ခဲ့ပေမဲ့ အမေရိကန်ရောက်သွားချိန်မှာတော့ သာမန်အအလုပ်သမားတစ်ဦးလို ဆူရှီလိပ်နေရတာကြောင့် ချစ်ခင်သဘောကျတဲ့ ပရိသတ်တွေ ဝမ်းနည်းနေရပါတယ်။
ဒီဖြစ်စဥ်လေးကို စ,တင်လာသူက Tee Tee ဆိုတဲ့ အကောင့်ပိုင်ရှင်ဖြစ်ပြီး သူဟာ မြန်မာပြည်က နာမည်ကြီးအဆိုတော် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ဆူရှီလိပ်နေရတာကို သူ့အကောင့်မှာ ဖော်ပြခဲ့ပြီး အဆိုပါ ဆူရှီအလုပ်သမားဟာ အဆိုတော် Rဇာနည်ဖြစ်တယ်လို့လည်း ဝေဖန်ငြင်းခုန်သူတွေက Tee Tee ပို့စ်မှာ ဖော်ပြခဲ့ကြပါတယ်။
Tee Tee တင်ခဲ့တဲ့ ပို့စ်ကတော့ “ဒီနေ့ ကျနော်ရဲ့သူငယ်ချင်းတယောက်ဆီအသွား လမ်းမှာ စားစရာလေး ဘာလေးဝယ်လိုက်ဦးမယ်ဆိုပြီး market တခုထဲရောက်ဖြစ်တယ်။ ၁၀ မိနစ်လောက် စားချင်တာပတ်ရှာဝယ်ရင်း ဂျပန်စာ ဆူရှီရောင်းတဲ့ကောင်တာမှာ ဆူရှီ ၂ ဘူး ယူမလို့လုပ်တုန်း ဆူရှီလိပ်နေတဲ့ အစ်ကို ကို သူ့ဘေးက အမတယောက်ကနေ တခုခုလှမ်းမေးလိုက်ရင်း သူတို့အချင်းချင်း မြန်မာလိုစကားတွေပြောနေကြတော့ “ ဪ .. ကိုယ့်မြန်မာလူမျိုးတွေပါပဲလား “ ဆိုပြီး ကိုယ်လိုချင်တဲ့ဟာ ရှာနေတုန်း “ နေပါဦး .. ငါ ဒီအစ်ကို့ စကားသံကြားဖူးသလိုလိုပဲ.. “ လို့ ဇဝေဇဝါဖြစ်နေရင်း ဦးထုပ်ဆောင်း Mask တပ်ထားလို့ မျက်လုံးလောက်ပဲမြင်ရပေမယ့် သူ့ဘေးက အမက သူ့နာမည် “ ….. “ ဆိုပြီးတပ်ခေါ်ရင်း စကားတွေထပ်ပြောနေတာကြားတော့မှ “ ဘုရားရေ… ကိုယ်သိပ်ကြွေလွန်းတဲ့ အဆိုတော်ကြီး ဖြစ်နေတာ“ ဒီထက်ပိုသေချာအောင် အစ်ကိုက “ ….. “ လား လို့မေးလိုက်ချင်ပေမယ့် သူ ကြိုက်မှန်းမသိ ဖြေချင်မှန်းမသိဖြစ်နေမှာစိုးတာနဲ့ ကိုယ့်ဖာသာ ယူချင်တာရှိတဲ့ဘူးကို ရွေးယူပြီး ထွက်လာခဲ့တယ်။ $ အာဏာရူးတွေရဲ့ ရက်စက်ယုတ်ကန်းမှုတွေကြောင့် တနိုင်ငံလုံးမှာရှိတဲ့ လူမှန်နေရာမှန်နဲ့ ကိုယ်တတ်ကျွမ်းတဲ့အနုပညာ/ အတတ်ပညာ အလုပ်တွေလုပ်ခွင့်မရတော့ဘဲ လက်ရှိအခြေတကျဖြစ်နေတဲ့ ဘဝတွေပါပျက်စီးသွားတဲ့ အပြစ်မဲ့ပြည်သူတွေ ဘယ်လောက်တောင်များရှိနေပြီလဲလို့ စိတ်မကောင်းစွာနဲ့ တွေးနေမိရင်း ကားပေါ်ရောက်တော့ နားထဲမှာ သူ့ရဲ့ “မင်္ဂလာပါ“ ဆိုတဲ့ အပြုံးချိုချိုနဲ့ စင်ပေါ်ကနေ နှုတ်ဆက်လေ့ရှိတဲ့ အသံကိုပဲ တချိန်လုံးကြားယောင်နေမိတယ်။ တတိုင်းပြည်လုံး အာဏာရူး သူယုတ်မာတွေလက်ထဲက အမြန်ဆုံးလွတ်မြောက်ပြီးတဲ့နောက် အစ်ကို့ရဲ့ မင်္ဂလာရှိတဲ့ “ ပရိတ်သတ်ကြီး မင်္ဂလာပါ “ ဆိုတဲ့အသံကိုလည်း အမြန်ဆုံးကြားချင်ပါတယ်ခင်ဗျာ။
(ပုံကိုတော့ ကို ခွင့်ပြုချက်မတောင်းဖြစ်ပဲ ခပ်လှမ်းလှမ်းကနေ ရင်နာနာနဲ့ ခိုရိုက်ထားလိုက်မိတာ တောင်းပန်ပါရစေ အစ်ကိုရေ )” လို့ ဖော်ပြခဲ့တာပါ(သတ်ပုံ။ မူရင်းပို့စ်အတိုင်း)။
ဒီလိုဖြစ်စဥ်တွေအပေါ်မှာ အဆိုတော် R ဇာနည်အသုံးပြုတဲ့ Zarni Myo Nyunt အကောင့်မှာတော့ တုံ့ပြန်ဖြေရှင်းတာမရှိသလို အေးအေးချမ်းချမ်းပါပဲ။
ဒီဖြစ်စဥ်အပေါ် ပို့စ်တင်သူ Tee Tee ကို အားလုံးက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသလို နာမည်ရအဆိုတော်ဖြစ်ပေမဲ့ ဝမ်းရေးအတွက် ရိုးသားစွာရပ်တည်တာမို့ ဆူရှီလိပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဂုဏ်ယူစရာလို့လည်း တုံ့ပြန်ခဲ့ကြပါတယ်။ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုသလို သူတို့ထင်မှတ်တဲ့ ဆူရှီလိပ်သူအလုပ်သမားဟာ အဆိုတော် R ဇာနည်ဖြစ်ရင်လည်း သူ့ရဲ့ မိသားစု ဝမ်းရေးအတွက် တခြားသူတွေလို အလှုခံရငွေကနေ ထိုင်မစားဘဲ၊ မျက်ရည်ခြူမစားဘဲ သူ့ရဲ့ ရိုးသားစွာ ရုန်းကန်မှုကို Congrats လုပ်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ Elite အလွှာကနေ အမေရိကန်မှာ သာမန်အလုပ်ကြမ်းသမားဖြစ်သွားတာတောင် ဝမ်းနည်းပက်လက်အားပေးချစ်ခင်နေသူတွေ ပြည့်နေတဲ့ဒီဖြစ်စဥ်ကိုလည်း MT News ရဲ့ Today Facebook အစီအစဥ်မှာ ဖော်ပြလိုက်ပါတယ်။
ဒီဖြစ်စဥ်ကနေ ထူးခြားမှုတွေဆက်ဖြစ်လာရင်လည်း MT News ရဲ့ Fb_today( #mtnews_fbtoday) မှာ ဆက်လက်ဖော်ပြပေးပါ့မယ်။
Credit Tee Tee






