၄. ၁၀. ၂၀၂၂
Written by Tha Doe

ပြည်တွင်းစက်သုံးဆီစျေးကွက်အတွင်း 92 Ron တစ်လီတာ ကျပ် ၂၀၀၀ အောက် ကျဆင်းပြီးနောက် 95 Ron တစ်လီတာ ကျပ် ၂၀၀၀ အောက် ထပ်မံ ကျဆင်းလာသော်လည်း ဒီဇယ်နှင့် ပရီမီယံဒီဇယ် စျေးပြန်တက်လာခဲ့သည်။

အောက်တိုဘာ ၃ ရက်တွင် 92 Ron တစ်လီတာ ၁၉၅၀ ကျပ်၊ 95 Ron တစ်လီတာ ၂၀၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ် ဖြစ်ပေါ်ကာ ယမန်နေ့များထက် တစ်လီတာလျှင် ၉၅ ကျပ်နှုန်းဆီ ကျဆင်းခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၄ ရက်တွင် 92 Ron တစ်လီတာ ၁၉၃၀ ကျပ်၊ 95 Ron တစ်လီတာ ၁၉၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၀ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ် ဖြစ်ပေါ်ကာ 92 Ron တွင် ကျပ် ၂၀ ကျဆင်းကာ 95 Ron တွင် တစ်လီတာ ၂၅ ကျပ် ကျဆင်းခဲ့သည်။ သိုသော် ဒီဇင်နှင့် ပရီမီယံဒီဇယ်တွင်မူ တစ်လီတာ ၆၅ ကျပ်စီ ပြန်တက်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *