Photo-Saw Dragon Drone Force

၄. ၁၀. ၂၀၂၂
Written by Nay Moe

Drone ဖြင့် တိုက်ခိုက်မှုကြောင့် လခရ ငါးဦးကျခဲ့သည်ဟု Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးရွာအနီး စစ်ကြောင်းထိုးလာသော လုံခြုံရေးတပ်ဖွဲ့အား KNLA တပ်ရင်း ၁၇၊ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Saw Dragon Drone Force – SDDF တပ်ဖွဲ့မှ ဗုံးသုံးလုံးကြဲ၍ တိုက်ခိုက်ခဲ့ရာ ၂ လုံးထိမှန်ပေါက်ကွဲခဲ့ပြီး လခရ ၃ ဦး ကျခဲ့သည်ဟု SDDF က ဆိုသည်။

ထို့ပြင် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီအချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိရဲကင်းစခန်းအား ဗုံး၂ လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ လခရ ၂ဦး ကျပြီး တပ်ကြပ်(သုံးရစ်)တစ်ဦးနှင့် တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးနှစ်ရပ်လုံး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် PDF အားလုံးအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *