MT News
၁၃. ၃. ၂၀၂၄

အင်းစိန်မြို့နယ်ရှိ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချူပ်ရေးမှူးရုံးအား Dark Shadow မိုင်းခွဲ

ယမန်နေ့ မတ်လ ၁၂ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် အင်းစိန်မြို့နယ်ရှိ လေတပ်အရာရှိလိုင်းခန်းဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချူပ်ရေးမှူးရုံးအား Dark Shadow PDF အဖွဲ့ မှအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ PDF အဖွဲ့က ထုတ်ပြန်ထားပြီး ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးကြောင်းလည်း ပြောသည်။

မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ဟု AA က တပ်မတော်အပေါ် လွှဲချ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ကြောင်း AA လက်နက်ကိုင်များ၏ တစ်ဖက်သတ်စွပ်စွဲရေးသားထုတ်ပြန်ထားသည့် သတင်းတု၊ သတင်းအမှားများကို Khit Thit မီဒီယာက ဖြန့်ဝေနေပြီး အဆိုပါဖြစ်စဥ်အမှန်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းမှား ဖြန့်

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF များက နှောင့်ယှက်တိုက်ခိုက်လျက်ရှိသည့်အတွက် မတ်လ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုင်းကာကျေးရွာ၊ မိုးစိမ်းကျွန်းကျေးရွာ၊ စင့်ကင်ကျေးရွာနှင့် ကမ်းနီကျေးရွာများက ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်များကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဗန်းမော်မြို့ရှိ လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများသည် ဗန်းမော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *