October 3, 2024

၉. ၁. ၂၀၂၃

Written by Ye Kyaw

မြန်မာ-တရုတ်ကုန်သွယ်ရေး၏ အကြီးဆုံးကုန်းလမ်းဖြစ်သည့် ‌ရွှေလီနယ်စပ်ဂိတ်တွင် ဖြတ်သန်းသွားလာမှုများ စတင်ခဲ့ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာ‌ရေးကုဒ် လျှောက်ထားရယူရန် မလိုအပ်တော့ဘဲ ၄၈ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကိုသာ လိုအပ်ကြောင်း တရုတ်သံရုံးက ဇန်နဝါရီ ၉ ရက်တွင် ကြေညာထားသည်။

ထို့ပြင် ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဥ်မောင်းနှင့် ယာဥ်၏အချက်အလက်များကို အကောက်ခွန်ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည်ဝင်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B အဆင့်ကူးစပ်မှုရောဂါကို B အဆင့် စီမံအုပ်ချုပ်မှု” အကောင်အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့် ကုန်ပစ္စည်းများ စသည်တို့အပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံခန့်ခွဲမှုအစီအမံများ မကျင့်သုံးတော့ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်လိုက်သည်။ တရုတ်နယ်စပ်ဂိတ်များဖွင့်လှစ်ထားသော်လည်း မြန်မာဘက်ကမူ နယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *