April 29, 2024

၆. ၁. ၂၀၂၃
MT News Editorial

မြန်မာနိုင်ငံတွင် ဘာသာကြီးလေးခုရှိသည့်အနက် နွေဦးတော်လှန်ရေးဂယက်တွင် သတ်ဖြတ်ခံရမှုအများဆုံးမှာ ဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင် သံဃာတော်များ ဖြစ်လာခဲ့ပေသည်။

တပ်မတော်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် အဓမ္မကို ဓမ္မဖြစ်စေရန် ကြိုးပမ်းခဲ့သော တော်လှန်သံဃာထုမှာ ယနေ့ကာလတွင်မူ ‘ကျွန်မတို့ မဲမခိုးခဲ့ပါ’ ဟု တရားဝင်ငြင်းဆိုရဲမှုမရှိသော၊ “နိုင်ငံရေးမှာ ဘုန်းကြီးဝင်မပါနဲ့” ဆိုသော သူများ၏ အငြိုးထားခြင်းကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကြုံခဲ့ရသလို ယနေ့အထိ သံဃာ ၇၅ ပါးခန့်မှာလည်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံထားရပြီး
ဖြစ်ပေသည်။

ဘာသာကြီးလေးခုအနက် လုပ်ကြံသတ်ဖြတ်ခံရမှုအများဆုံးမှာ ဗုဒ္ဓဘာသာ သံဃာများဖြစ်နေသည်မှာလည်း ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ခေါင်းဆောင်ကာ တော်လှန် ထကြွနေချိန်နှင့် ထပ်တူဖြစ်လာနေသည်ကိုလည်း အများပြည်သူအသိပင်
ဖြစ်ပေသည်။

ထို့အတူ လူမှုကွန်ရက်တွင်လည်း ဗုဒ္ဓဘာသာကို အဆုံးတိုင် တိုက်ဖျက်ရန်ရည်ရွယ်သည့် လှုပ်ရှားမှုများကို စဥ်ဆက်မပြတ်တွေ့မြင်လာနေရပြီး ထိုသို့သော အမုန်းပွားသော ပို့စ်များသည် NUG နှင့် PDF များကို ထောက်ပံ့နေသည့် Facebook ၏ အမုန်းစကားစာရင်းတွင်လည်း အကျုံးမဝင်ဘဲ ဗုဒ္ဓဘာသာအပေါ် တရားဝင် တိုက်ခိုက်ခွင့်ပေးထားသည်ကိုလည်း တွေ့မြင်ရပေသည်။

ကမ္ဘာတွင် နယ်ချဲ့နည်းသုံးနည်းအနက် စစ်ပြုခြင်း၊ ကုန်သွယ်ခြင်း၊ သာသနာပြုခြင်းစသည့် 3M မှာ ထင်ရှားလေရာ ယနေ့မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးမကျေ လည်မှုထက်ပိုမိုသည့် 3M နယ်ချဲ့နည်းဖြင့် နယ်ချဲ့မှုများရင်ဆိုင်လာနေရသကဲ့သို့ဖြစ်လာပြီး ကမ္ဘာပေါ်တွင်လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာကို အမြစ်ဖြုတ်နယ်ချဲ့ရန် ဗုဒ္ဓဘာသာအားကောင်းသောမြန်မာနိုင်ငံမှ စတင်ကြိုးပမ်းလာနေကြပြီဟူသည့် အခြေအနေကိုလည်း ကြုံလာနေရပေသည်။

ထိုသို့သော 3M နယ်ချဲ့တော်လှန်ရေးသာ အောင်မြင်ပါက မြန်မာပြည်မှသံဃာထုအားလုံး လုပ်ကြံသတ်ဖြတ်ခံရ၊ အဓမ္မဘာသာပြောင်းခံရနိုင်မည်လားဆိုသည့် တွေးထိုက်ဖွယ်ရာအခြေအနေကိုလည်း မြင်တွေ့နေရပေသည်။

ထို့ကြောင့် ဘာသာခြားတော်လှန်ခေါင်းဆောင်များအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ ထောက်ပံ့မှု ဆက်လက်ရယူလိုပါက သံဃာထုကို လုပ်ကြံသတ်ဖြတ်မှုများ ရပ်တန့်ပါရန်နှင့် လုပ်ကြံပြီးမှ မည်သူကလုပ်သည်ဟု လွှဲချလွှဲချ အမှန်တကယ်ကျုးလွန်ကြသူများမှာ ယခုတိုက်ပွဲတွင် ကျရှုံးပါလိမ့်မည်ဟု သတိပြုမိစေရန်လည်း MT News သတင်းဌာနက ရေးသားတင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *