MT News
၂. ၁. ၂၀၂၂

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂ ရက် (တနင်္လာနေ့) ပြင်ပဈေးကွက်တွင် ပြည်တွင်းရွှေဈေးနှုန်း ယခင်အပတ်ထက် အနည်းငယ်သာမြင့်တက်ခဲ့ပြီး ငွေလဲလှယ်နှုန်းမှာလည်း သိသိသာသာပြောင်းလဲမှုမရှိဘဲ အနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့သည်။

ဇန်နဝါရီ ၂ ရက် ပြင်ပဈေးကွက်တွင် ရွှေဈေး ၂,၇၀၃,၀၀၀ ကျပ်နှင့် တစ်ဒေါ်လာ ၂,၈၄၅ ကျပ်ရှိသည်။ ပြင်ပဈေးကွက်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေဈေးနှုန်း၂,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၈၄၅ ကျပ်ခန့်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ရွှေဈေးနှုန်း၂,၆၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၈၄၅ ကျပ်ခန့်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ရွှေဈေးနှုန် ၂,၆၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၈၅၀ ကျပ်ခန့်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွှေဈေးနှုန်း၂,၆၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၈၅၀ ကျပ်ခန့်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ရွှေဈေးနှုန်း၂,၆၈၂,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်‌ဒေါ်လာ ၂,၈၄၀ ကျပ်ခန့် ရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News