၂၀၂၃ ခုနှစ်၊နှစ်ဆန်းတစ်ရက်တွင် မက္ကဆီကိုနိုင်ငံ၊ Ciudad Juarez မြို့ရှိ အကျဉ်းထောင်တစ်ခုကိုသေနတ်သမားများက ဝင်ရောက်ပစ်ခတ်စဉ်။

၂.၁. ၂၀၂၃
Translated by Htwe Ko Tun

မက္ကဆီကိုနိုင်ငံတွင် နိုင်ငံမြောက်ပိုင်း၊ ချီဟွာဟွာပြည်နယ် Ciudad Juarez မြို့ရှိ အကျဉ်းထောင်တစ်ခုကို ၂၀၂၃ ခုနှစ် နှစ်ဆန်းတစ်ရက်တွင် သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးသေဆုံးပြီး အကျဉ်းသား ၂၄ ဦးလွတ်မြောက်သွားခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။

မည်သူမည်ဝါ မသိရသေးသော သေနတ်သမားများက လက်နက်တပ်ဆင်ထားသေ ာကားများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြမှုကြောင့် သေဆုံးသူများတွင် ၁၀ ဦးမှာ အကျဉ်းထောင်အစောင့်များနှင့် လုံခြုံရေးများဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်ပြည်ထောင်စု နယ်စပ်အနီးရှိ အဆိုပါအကျဉ်းထောင်ကို အရုဏ်တက်ချိန်တွင် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ငါးနာရီခန့်အကြာတွင် လုံခြုံရေးတပ်ဖွဲ့များက အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။ အဆိုပါ အကျဉ်းထောင်တွင် ရာဇဝတ်မှုဂိုဏ်းများနှင့် မူးယစ်ဆေးဝါးဂိုဏ်းများမှ အကျဉ်းသားများရှိကြပြီး ပစ်ခတ်မှုများကြောင့် လူ ၁၃ ဦးဒဏ်ရာရခဲ့ကြသည်။ ထောင်ဝင်းအပြင်ဘက်တွင် အကျဉ်းသားအချို့၏ ဆွေမျိုးများက နှစ်သစ်ကူးလာရောက်လည်ပတ်မှုများအတွက် စောင့်ဆိုင်းနေကြစဉ် ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ခဲ့ရခြင်းဖြစ်သည်။ ထောင်အတွင်းပိုင်းတွင် ဆူပူဆန္ဒပြနေသော အကျဉ်းသားများနှင့် အကျဉ်းထောင်အစောင့်များလည်း အဓိကရုဏ်းများ ဖြစ်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များက လူလေးဦးကို ဖမ်းဆီးထားကြောင်းပြောခဲ့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ လွတ်မြောက်သွားသော အကျဉ်းသား ၂၄ ဦးနှင့်ပတ်သက်၍လည်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။

Ref—-AFP

Leave a Reply

Your email address will not be published. Required fields are marked *