ကမာကြည်ဘဏ်ခွဲ၏ ဝန်ဆောင်မှုမြင်ကွင်း (Photo-MCB)

MT News

Written by Ye Kyaw

နယ်မြေအေးချမ်းမှုမရှိသော ဒေသများမှ ဘဏ်ခွဲငါးခု ပိတ်သိမ်းခဲ့သည့် မြန်မာနိုင်ငံသားများဘဏ်မှ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ဘဏ်ခွဲအသစ်သုံးခုကို ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ဖွင့်လှစ်ခဲ့သည့် ဘဏ်ခွဲအသစ်သုံးခုမှာ ပြင်ဦးလွင်ဘဏ်ခွဲ၊ သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်ဘဏ်ခွဲ၊ ဟင်္သာတဘဏ်ခွဲတို့ဖြစ်သည်။

ဘဏ်ခွဲ ၅၀ ခန့်ဖြင့် လည်ပတ်နေသည့် မြန်မာနိုင်ငံသားများဘဏ်၏ ပိတ်သိမ်းလိုက်သည့် ဘဏ်ခွဲငါးခုမှာ မုံရွာမြို့ရှိ ဘဏ်ခွဲငယ်၊ မူဆယ်ဘဏ်ခွဲ (၁)၊ မန္တလေးဘဏ်ခွဲ(၄)၊ တန့်ဆည်ဘဏ်ခွဲနှင့် ဇီးကုန်းဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဘဏ်နှင့်ဘဏ်ခွဲရာနှင့်ချီ လုယက်ဖျက်ဆီးခံထားရပြီး လက်ရှိပိတ်သိမ်းလိုက်သည့်နေရာများမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသောနေရာများပါဝင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *