တောင်ဒဂုံမြို့နယ်တွင်တည်ဆောက်နေသညိ့ အငှားအိမ်ရာစီမံကိန်းသို့ ဆောက်လုပ်ရေးဝန်ကြီးသွားရောက်စစ်ဆေးစဥ် (Photo- MOI)

၂၇. ၁၂. ၂၀၂၂
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း တည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း ၃၁၀၀ ကျော်ရှိပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၆၀ ကျော်ကို ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဒီဇင်ဘာ ၂၆ ရက်တွင် အဆိုပါစီမံကိန်းသို့ သွားရောက်စစ်ဆေးစဥ် ပြောကြားသည်။

ယခုတည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်းရှိသည့်အနက် အဆောက်အဦ ၁၂၁ လုံး၊ အိမ်ခန်းပေါင်း ၁၉၃၆ ခန်း (ရာခိုင်နှုန်း ၆၀ ကျော်)ကို ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးစီးအောင် ဦးစားပေးဆောင်လျက်ရှိသည်။


စီမံကိန်း၏ ကျန်အဆောက်အဦ ၇၃ လုံး၊ အခန်းပေါင်း ၁၁၆၈ ခန်းကိုလည်း အပိုင်းလိုက်ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂) လမ်းမကြီးနှင့် အမှတ် (၇) လမ်းမကြီးကြား အချက်အချာကျသည့်နေရာတွင် တည်ရှိသည့်အတွက် နောင်တစ်ချိန်တွင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများသွားလာနေထိုင်ရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြည်သူ့အငှားအိမ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းတို့မှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *