၂၅ . ၅ . ၂၀၂၄
Written by MMAK

◾ မန်စီးတီးVs မန်ယူ

ပြီးခဲ့တဲ့နှစ်က FA ဖလားဖိုင်နယ်မှာ ဆုံတွေ့ခဲ့ကြသလို အခုနှစ် FA ဖလား ဖိုင်နယ်မှာလည်း မန်ချက်စတာဒါဘီနှစ်သင်း ထပ်မံတွေ့ဆုံနေပြီး ဝင်ဘလေကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။ မန်ယူအသင်း FA ဖလားရခဲ့မယ်ဆိုရင် နောက်ရာသီမှာ ဥရောပဝင်ခွင့်ရမှာ ဖြစ်သလို အခုရာသီမှာ ဖလားတစ်လုံးနဲ့ ရာသီသိမ်းမှာဖြစ်ပါတယ်။ သို့ပေမဲ့ လက်ရှိခြေစွမ်းအရဆိုရင်တော့ မန်စီးတီးအသင်းကို မယှဉ်နိုင်သလို မန်စီးတီးအသင်းကလည်း ခါးသီးပြိုင်ဘက်မန်ယူကို နည်းနည်းလေးမှ အလျှော့ပေးမဲ့ အနေအထားမှာ မရှိပါဘူး။ ဒီပွဲမှာ မန်စီးတီးအသင်းက နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးဖြစ်ပါတယ်။ မန်စီးတီးအသင်းက ခြေစွမ်းပိုသာသလို မန်စီးတီးအသင်း ဖလားရနိုင်ခြေများတာ မှန်ပေမဲ့ ဂိုးပြတ်ကြီး နိုင်ပါ့မလား စဉ်းစားသင့်ပါတယ်။ မိနစ်ကိုးဆယ် ပွဲချိန်အတွင်း တစ်ဂိုးနဲ့ ကပ်နိုင်ရင်လည်း မန်စီးတီးအသင်းဖလားရမှာ ဖြစ်သလို အချိန်ပိုမှ ကပ်နိုင်ရင်လည်း မန်စီးတီးအသင်းဖလားရမှာပါ။ ဖလားတစ်လုံးနဲ့ ဥရောပဝင်ခွင့်တစ်နေရာအတွက် အသည်းအ သန်ကြိုးစားလာမဲ့ မန်ယူအသင်း မိနစ်ကိုးဆယ်ပွဲချိန်အတွင်းမှာ သုံးဂိုးပြတ်ကြီး မရှုံးဘူး ထင်ပါတယ်။ မန်စီးတီးအသင်း ကပ်နိုင်လို့ရတဲ့အတွက် ပေါက်ကြေးအရတော့ မန်ယူအသင်းကို ရွေးချယ်သင့်ပါတယ်။

◾ လေဗာကူဆင် Vs ကိုင်ဇာစလော့တန်

ယူရိုပါလိဂ်ဖိုင်နယ်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့ လေဗာကူဆင်အသင်း ပြိုင်ပွဲစုံ ရှုံးပွဲမရှိ စံချိန်ပျက်သွားခဲ့သလို အဓိကဖလားတစ်လုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုပွဲစဉ် ပိုကယ်ဖလားကတော့ အောက်တန်း လိဂ် -2 ကလပ် ကိုင်ဇာစလော့တန်နဲ့ကန်ရမှာ ဖြစ်တဲ့အတွက် လေဗာကူဆင်အသင်း အနိုင်သေချာနေပြီး ဖလားရဖို့ ရှိပါတယ်။ ဒီပွဲမှာ လေဗာကူဆင်အသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်အရှုံးထိ ပေးထားသလို ဂိုးပေါင်းကြေးလေးလုံး ခြောက်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတသလို လေဗာကူဆင်အသင်း ဂိုးပြတ်ကြီး နိုင်ပါ့မလား စိုးရိမ်စရာရှိပါတယ်။ ဒီဂိုးပေါင်းကြေးအရဆို ကိုင်ဇာစလော့တန်အသင်း ပိတ်ကစားပြီး ဂိုးရဖို့မရှိသလို အသာအယာ ဘောလုံးကိုင်ကစားပြီး နှစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်လို့ရတဲ့ လေဗာကူဆင်အသင်းကလည်း သွင်းဂိုးတွေ အများကြီး မလိုပါဘူး။ လေဗာကူဆင်အသင်းကို ယှဉ်မကစားနိုင်တဲ့ ကိုင်ဇာစလော့တန်အသင်း ပိတ်ကစားလာမှာ ဖြစ်သလို ဗိုလ်လုပွဲဖြစ်တာကြောင့် လေဗာကူဆင်အသင်းလည်း ထိန်းကစားလာနိုင်ပါတယ်။ နှစ်ဖက်သွင်းဂိုး ငါးဂိုးလောက်ထိ မြင်ရဖို့ဆိုတာ မလွယ်ကူတာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ PSG Vs လိုင်ယွန်

ပြင်သစ်လိဂ်ဖလားပွဲစဉ်ဖြစ်ပြီး လိုင်ယွန်အသင်းနဲ့ PSG အသင်းတို့ ယှဉ်ပြိုင်ကစားရမှာပါ။ ပြင်သစ်လိဂ်မှာ ဆိုရင် PSG အသင်းက တခြားအသင်းတွေထက် ခေါင်းတစ်လုံးပိုသာတဲ့အသင်း ဖြစ်နေသလို သူတို့သာ တကယ်ကန်မယ်ဆို တခြားဘယ်အသင်းမှ မယှဉ်နိုင်ပါဘူး။ အခုရာသီ အမှတ်ပေးပွဲစဉ် တွေ့ဆုံမှုမှာလည်း PSG အသင်းက အိမ်ကွင်းအဝေးကွင်း နှစ်ပွဲလုံး လေးဂိုးတစ်ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဖလားတစ်လုံးရမဲ့ ဖိုင်နယ်ပွဲဖြစ်တာကြောင့် PSGအသင်း အားထည့်ကစားလာမှာဖြစ်ပြီး လိုင်ယွန်အသင်းကို အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ နိုင်ဖို့ရှိပါတယ်။ ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စား ပေးထားတဲ့ PSG အသင်းကို ရွေးချယ်ရမှာ ဖြစ်ပြီး အမ်ဘာပေရဲ့ နောက်ဆုံးပွဲစဉ်မှာ လိဂ်ဖလားတစ်လုံးနဲ့ ပျော်ပျော်ပါးပါး နှုတ်ဆက်ကြပါလိမ့်မယ်။ PSG အသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့နိုင်ဖို့ သေချာသလောက်ရှိတဲ့အတွက် PSG အသင်းကိုပဲ ရွေးရမှာပါ။

◾ ဂျူဗင်တပ် Vs မွန်ဇာ

နှစ်သင်းလုံး ဘာအမှတ်မှ မလိုအပ်သလို ဘာမှအရေးမကြီးတော့တာကြောင့် လူငယ်ကစားသမားတွေ ပွဲထုတ်လာတာမျိုး တိုက်စစ်ဖွင့်ကစားတာမျိုး ဖြစ်နိုင်ပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲ ဖြစ်တာကြောင့် ဂျူဗင်တပ်အသင်း အနိုင်ရအောင် ကစားလာနိုင်သလို မွန်ဇာအသင်းကလည်း တိုက်စစ်အသားပေးတတ်တဲ့အသင်းမျိုးဖြစ်ပါတယ်။ မွန်ဇာအသင်းလို တိုက်စစ်အသားပေး ကစားတဲ့ အသင်းတွေနဲ့ဆိုရင် ဂျူဗင်တပ်အသင်း အထာနပ်နပ်တုံ့ပြန်ကစားတတ်ပြီး ဂိုးပြတ်အနိုင်ရသွားမျိုး လုပ်တတ်ပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ အနိုင်နဲ့ ပိတ်သိမ်းဖို့ ကြိုးစားလာနိုင်သလို ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးအရ ဂျူဗင်တပ်အသင်း တစ်ဂိုးအနိုင်သေချာနေပြီး ခံစစ်ပြဲတတ်တဲ့ မွန်ဇာအသင်းကြောင့် ကြေးအပြည့်အောင်သွားပါလိမ့်မယ်။ ဒီညစီးရီးအေနှစ်ပွဲမှာ ဂျူဗင်တပ်အသင်းက အထက်ကြေးစားပြီး အေစီမီလန်အသင်းနဲ့ဆလာနီတာနာအသင်းပွဲစဉ်က အောက်ကြေးပြန်စားမဲ့ သဘောမှာ ရှိပါတယ်။ ဂျူဗင်တပ်အသင်းကို ရွေးပါ။

◾အေစီမီလန် Vs ဆလာနီတာနာ

ဆာလာနီတာနာအသင်းက ဇယားအောက်ဆုံးကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်သလို အေစီမီလန်အသင်းကလည်း အမှတ်မလိုတဲ့အတွက် ဘာမှအရေးမကြီးပါဘူး။ အိမ်ရှင်အေစီမီလန်အသင်း အနိုင်သေချာနေတာကြောင့် အရန်ကစားသမားတွေ လူငယ်ကစားသမားတွေ သေချာ ပေါက် ပွဲထွက်လာပါလိမ့်မယ်။ ဒီပွဲမှာ အေစီမီလန်အသင်းက ဘော်ဒီကြေး သုံးလုံးကိုးဆယ်စားပေးထားတာကြောင့် သုံးဂိုးပြတ်မှ ကြေးအောင်မဲ့ အေစီမီလန်အသင်းကို မကြိုက်ပါဘူး။ ဘာမှအရေးမကြီးတဲ့ပွဲမှာ ထိုးသားတစ်ခြမ်းစောင်းနေတဲ့ အေစီမီလန်အသင်း ဂိုးပြတ်သွင်းမယ်မထင်ပါဘူး။ နှစ်ဂိုးပြတ်အနိုင်လောက်နဲ့ထိန်းလို့ရသလို သုံးဂိုးပြတ်နိုင်နေရင် လူငယ်ကစားသမားတွေ ထည့်ပြီး တစ်ဂိုးလောက် ပြန်ပေးလိုက်တာမျိုး လုပ်နိုင်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး နှစ်ခုလုံး မအောင်နိုင်သလို ဆလာနီတာနာအသင်း ဂိုးရမယ်ထင်တာကြောင့် ဘော်ဒီအောက်ကြေး ဆလာနီတာနာကို ရွေးချယ်ပေးချင်ပါတယ်။

◾အယ်မီးရီးယား Vs ကာဒစ်

နှစ်သင်းလုံး တန်းဆင်းသွားရပြီဖြစ်တဲ့အတွက် ဒီပွဲဟာ ဂုဏ်သိက္ခာအရ ယှဉ်ပြိုင်စရာပဲ ရှိပါတယ်။ လာလီဂါပွဲစဉ်တွေဟာ ဂိုးပေါင်းကြေး ပျော့တတ်သလို ဂိုးပေါင်းအောက်သွားတဲ့ အသင်းတွေဖြစ်ပါတယ်။ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ ဂိုး​ပေါင်းအောင်ခဲ့တဲ့ ကာဒစ်အသင်းနဲ့ ဇယားအောက်ဆုံးက အယ်မီးရီးယားတို့ ပွဲမှာ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးမျိုး ဖွင့်ထားပြီး ဘော်ဒီကြေးကို အိမ်ရှင်အယ်မီးရီးယားအသင်းက ပြားငါးဆယ်အရှုံးပေးထားပါတယ်။ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားပြီး အပြန်အလှန်သွင်းဂိုးတွေ သွင်းကြမဲ့ပွဲလို့ ယူဆလို့ရပေမဲ့ အဝေးကွင်းကာဒစ်အသင်းက တိုက်စစ်အားနည်းတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲမှာ ဂိုးပေါင်းကြေးမြင့်နေသလို သွင်းဂိုးတွေမြင်ရမယ်ဆိုရင် အိမ်ရှင်အယ်မီးရီးယားအသင်းရဲ့ သွင်းဂိုးတွေကို ပိုမြင်ရဖို့ရှိပါတယ်။ အိမ်ကွင်းခြေစွမ်း မညံ့သလို တိုက်စစ်ပိုကောင်းတဲ့ အယ်မီးရီးယားအသင်း မရှုံးပါဘူး။ သရေနဲ့ အနိုင်သာဖြစ်နိုင်တာကြောင့် ပြားငါးဆယ်ရင်းပြီး အိမ်ရှင်အယ်မီးရီးယားအသင်းကို ရွေးရမှာပါ။ အယ်မီးရီးယားအသင်း နိုင်သွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *