ကာတာစွမ်းအင်ဝန်ကြီးအား ဂျာမနီသို့ သဘာဝဓါတ်ငွေ့ရည်များ တင်ပို့ရန် သဘောတူခဲ့စဉ်ကတွေ့ရပုံ

၂၀. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ဥရောပပါလီမန်အနေဖြင့် ကာတာအစိုးရကိုယ်စားလှယ်များကို ဥရောပသမဂ္ဂတွင် ပိတ်ပင်ခဲ့ခြင်းနှင့် ဥရောပပါလီမန်အရာရှိများအားလွှမ်းမိုးနိုင်ရန် ကာတာအစိုးရက လာဘ်ပေးလာဘ်ယူအကျင့်ပျက်ဆောင်ရွက်မှုတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲလာခြင်းတို့က ဥရောပသမဂ္ဂအနေနှင့် ကာတာကို မှီခိုအားထားနေရသော စွမ်းအင်ကဲ့သို့ ကဏ္ဍတွင် နှစ်ဖက်ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့သည်။

ဥရောပပါလီမန်က ပြည်ဝင်ခွင့်ဗီဇာ လျှော့ပေါ့ပေးမှု၊ ဥရောပသမဂ္ဂနှင့် ကာတာအကြား လေကြောင်းပျံသန်းမှု သဘောတူညီချက်နှင့် ကြိုတင်စီစဉ်ထားသောခရီးစဉ်များအပါအဝင် ကာတာနိုင်ငံ၏ကိုယ်စားလှယ်များအား ဥရောပပါလီမန်သို့ဝင်ရောက်ခွင့်ကိုပါ ဒီဇင်ဘာလ ဒုတိယပတ်က တားမြစ်ခဲ့သည်။ ၎င်းက ကာတာအစိုးရသည် လာဘ်ပေးလာဘ်ယူပြုခြင်းဖြင့် ဥရောပပါလီမန်အရာရှိများအား လွှမ်းမိုးသြဇာသက်ရောက်ရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲချက်များပြုခဲ့ပြီးနောက် ကာတာအစိုးရကလည်း ဤသို့ တုံ့ပြန်သတိပေးခဲ့ခြင်းဖြစ်သည်။

ကာတာသံတမန်တစ်ဦးက ဥရောပပါလီမန်၏ ထိုကဲ့သို့တင်းကြပ်မှုက ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့အပြင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကျပ်တည်းမှုနှင့် လုံခြုံရေးတို့ကိုအာမခံမည့် ဆွေးနွေးပွဲများအားလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က ပြောခဲ့သည်။ ကာတာနိုင်ငံက ရုရှားနိုင်ငံမှ ရပ်ဆိုင်းထားသော ဥရောပနိုင်ငံများ၏ သဘာဝ ဓာတ်ငွေ့ရည်လိုအပ်ချက်၏ လေးပုံတစ်ပုံခန့် နှစ်စဉ် တင်ပို့ပေးနေသည်။

ဘယ်လ်ဂျီယံအာဏာပိုင်များက ဥရောပပါလီမန်နှင့်ဆက်စပ်နေသူလေးဦးကို ကာတာအစိုးရထံမှ လာဘ်ငွေများရယူခဲ့သည်ဟု စွဲချက်များပြုလုပ်ထားသည်။ ၎င်းတို့တွင် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စက် အီဇာကေလီ လည်းပါဝင်သည်။ ကေလီကို တာဝန်များမှရပ်ဆိုင်းခဲ့ကာ အာဏာပိုင်များက ဘယ်လ်ဂျီယံ၊ ဂရိနှင့် အီတလီရှိ အိမ်နှင့်ရုံး အနည်းဆုံးနေရာ ၂၀ ကို ပြီးခဲ့သည့်ရက်များအတွင်း ဝင်ရောက်ရှာဖွေခဲ့သည်။

ကာတာအစိုးရက ဘယ်လ်ဂျီယံအနေဖြင့် ကာတာဘက်မှ လုံးဝမသိရှိပါဘဲနှင့် ဤစုံစမ်းစစ်ဆေးမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤစုံစမ်းစစ်ဆေးမှုများ အမြန်ရပ်တန့်ရန်ပြောကြားလိုကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင်ဖေါ်ပြခဲ့သည်။

Ref-Wall Street Journal

Leave a Reply

Your email address will not be published. Required fields are marked *