၂၀. ၅. ၂၀၂၄
Photo by Ye Kyaw
လာမယ့် မေလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့)မှာ ကျင်းပမယ့် ရွှေတိဂုံစေတီတော်ရဲ့ ၄၁ ကြိမ်မြောက် ကဆုန်လပြည့် ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲအတွက် ကြိုတင်ပြင်ဆင်ပြီးစီးနေတာကို ဒီနေ့မှာ တွေ့မြင်ခဲ့ရပါတယ်။
ရွှေတိဂုံစေတီတော်မှာ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းလှူမယ့် ဌာနဆိုင်ရာအသီသီးမှ အဖွဲ့အစည်းတွေအနေနဲ့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံ ကြိုတင်အကြောင်းကြားမှုတွေ ပြုလုပ်ထားသလို ညောင်ရေသွန်းလောင်းလှူလိုတဲ့ အခြားဘာသာရေးအဖွဲ့အစည်းနဲ့ အသင်းအဖွဲ့အသီးသီးအနေနဲ့လည်း ကြိုတင်အသိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။
ညောင်ရေသွန်းပွဲလောင်းလှူမယ့်နေရာကိုတော့ ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း ဓာတ်လှေကားကနေ တက်မယ်ဆိုရင် ဆင်းတာနဲ့ ရောက်ရှိမှာပြီး ခြေလျင်တက်သူတွေကတော့ ညာဘက်သို့ သွားရမှာဖြစ်ပါတယ်။ အရှေ့ဘက်စောင်းတန်းကနေ တက်လာသူတွေအနေနဲ့ လက်ဝဲဘက်သို့ သွားရမှာဖြစ်တယ်လို့ သိရပါတယ်။












