September 8, 2024

၁၈. ၅. ၂၀၂၄
Written by Nay Moe

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေလ ၃၀ ရက်နှင့် ဇွန်လ ၂ ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ် ခြေစမ်းပွဲ (၂)ပွဲ သွားရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာယူ-၂၀ ဘောလုံးအသင်းသည် ၂၀၂၄ ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အသက် (၁၉)နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အသင်းဖြစ်သည်။

အဆိုပါ လက်ရွေးစင်ဘောလုံးအသင်းကို MFF ဘောလုံးအကယ်ဒမီထွက် ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် လက်ရွေးစင်ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ခြေစွမ်းထက် လူငယ်မျက်နှာသစ်ကစားသမားများဖြင့် စုဖွဲ့ထားပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂)ပွဲနိုင်၊ (၁)ပွဲရှုံးရလဒ်ကို စွမ်းဆောင်ထားနိုင်ခဲ့သည်။

တင်လိုက်ပါ

Leave a Reply

Your email address will not be published. Required fields are marked *