September 8, 2024

၁၃. ၅. ၂၀၂၄
Written by Ye Kyaw

ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူများအားလုံးကို နေ့စဉ် အခွန် ၅ ရာခိုင်နှုန်း ဆောင်ရမည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ပြီး သတင်းအတု၊ သတင်းအမှားများ ဖြန့်ဝေသူများကိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

“အဲဒါက မဟုတ်ပါဘူး။ ကောလာဟလ သတင်းအမှားကြီးပါ။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပါ။ အရေးယူတာတွေကို နောက်ပိုင်းမှာလုပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။

အင်တာနက်လူမှုစာမျက်နှာပေါ်ရှိ ရွှေအရောင်းအဝယ်ဂရုများတွင် “ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူများအားလုံး နေစဉ် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည်။ မြို့နယ်အခွန်ရုံးတွင် လက်ဝယ်ထားရှိမှု တန်ဖိုးစုစုပေါင်း၏ ၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဖြစ်ပြီး အခွန်ပြေစာထုတ်ယူရန် ရွှေဝယ်ရောင်းခွင့် ထောက်ခံစာ၊ ဒေါ်လာအသုံးပြုခွင့်ထောက်ခံစာတို့ ပူးတွဲတင်ပြရမည်” ဟု ရွှေကုန်သည်များအသင်းက ထုတ်ပြန်ထားကြောင်း ကောလာဟလများ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးဖြင့် ပူးပေါင်းရေးဆွဲနေပြီး မကြာမီ ဥပဒေထွက်ရှိတော့မည်ဖြစ်ကြောင်း ရွှေလုပ်ငန်းတာဝန်ရှိသူများက အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ဈေးကွက်မတည်မငြိမ်မှုနှင့် ရွှေ၊ ဒေါ်လာ ကိုင်ဆောင်ထားသူများ အထိန့်တလန့်ဖြစ်စေကာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအောက် ဝယ်ယူလိုသူများက ဆောင်ရွက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *