September 8, 2024

၁၃. ၅. ၂၀၂၄
Written by Pan Ei

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ချန်ဖိုင်းခရိုင် ဇို့ခွာသာရွာမှာ ပြုလုပ်ခဲ့တဲ့ သိသာထင်ရှားတဲ့ စစ်ဆင်ရေးအတွင်း အာသံရိုင်ဖယ်တပ်ရင်း (၄၂)နဲ့ ရဲဌာနက တာဝန်ရှိသူတွေ ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကြီးတစ်ခုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့ဟာ ရူပီး ၉ ဒသမ ၃၁၅ ကုဋေတန်ဖိုးရှိ မက်သာဖက်တမင်း ၃ ဒသမ ၁၀၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ မနေ့က အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

မေလ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါသိမ်းဆည်းရမိမှုဟာ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် အရေးပါတဲ့ အောင်ပွဲတစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါး အမြောက်အမြား သိမ်းဆည်းရမိခဲ့ပေမဲ့ စစ်ဆင်ရေးအတွင်း ဘယ်သူ့ကိုမှတော့ ဖမ်းမိနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

သောင်းကျန်းသူ နှိမ်နင်းရေးနဲ့ လူမှောင်ခိုတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုကြောင့် လူသိများတဲ့ အရံတပ်ဖွဲ့ဖြစ်တဲ့ အာသံ ရိုင်ဖယ်တပ်တွေဟာ တရားမဝင် လှုပ်ရှားမှုတွေကို တားဆီးဖို့ နယ်စပ်ဒေသတွေကို စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး သူတို့ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေက တရားမ၀င် မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကို တိုက်ဖျက်ရာမှာ တစ်ဖန် သက်သေပြခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရုနာချယ်ပရာဒက်ရှ်ပြည်နယ်၊ လောင်းဒင်းခရိုင်မှာ ဘိန်း ၁ ဒသမ ၇၅၇ ကီလိုဂရမ် လက်ဝယ်တွေ့ရှိမှုနဲ့်မာနိုာနိုင်ငံက ၉ ဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ လကလည်း မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ ဘိန်းဖြူ ၅ ကီလိုဂရမ်ကျော်ကို မြန်မာနိုင်ငံက သယ်ဆောင်လာပြီး လက်ဝယ်တွေ့ရှိမှုနဲ့ မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Ref; India Today NE

Leave a Reply

Your email address will not be published. Required fields are marked *