September 8, 2024

၁၃. ၅. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း ကွင်းတွင် မေလ ၁၂ ရက် ညနေပိုင်း ၅ နာရီကျော်က မိုးကြိုးထိမှန်၍ စပါးတိုက်ရန် ကျွဲလှည်း​ဖြင့် စပါးတိုက်ရန်သွားသူ အမျိုးသားတစ်ဦးနှင့် ကျွဲ၂ကောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ ဝမ်းဘဲအင်းကျေးရွာ၊ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်သော ဦးလှမျိုးထွန်းမှာ ညီ​ဝမ်းကွဲ​ဖြစ်သူနှင့်အတူ ရိတ်သိမ်းပြီး စပါးများတိုက်ရန် ကျွဲလှည်းကိုယ်စီဖြင့် သွားရောက်ခဲ့ရာ မိုးယွင်းကြီးအင်း ကွင်းအရောက်တွင် ရုတ်တရက် မိုးသက်လေပြင်းများကျရောက်ပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဦးလှမျိုးထွန်း၏ ကျွဲလှည်းကို မိုးကြိုးထိမှန်၍ သေဆုံးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

“ဝမ်းကွဲညီအစ်ကိုနှစ်ယောက် စပါးတိုက်ဖို့သွားရင်း မိုးကြိုးက ရှေ့ကနေသွားနေတဲ့ ဦးလှမျိုးထွန်းရဲ့ကျွဲလှည်းကို မိုးကြိုးထိပြီး လူကောကျွဲတွေကော သေသွားတာ”ဟု ဝမ်းဘဲအင်း​ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

​မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလတွင်လည်းကောင်း၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် မိုးကြိုးပစ်ခြင်း အန္တရာယ်ကို ကြုံတွေ့ရနိုင်သဖြင့် မိမိတို့ဒေသအနီးတဝိုက်တွင် မိုးခြိမ်းခြင်း၊လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

​မြန်မာနိုင်ငံတွင် မေလ ၂ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတချို့တွင် မိုးကြိုးထိမှန်၍ အမျိုးသား ၉ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *