၁၀.၅.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုရောင်းကျေးရွာတွင် မေလ ၉ ရက် ည ၆ နာရီခွဲခန့်က အုတ်ဖုတ်ရန်တူးထားသောရေကန်၌ အသက် ၄၀ အရွယ် အမျိုးသားကြီးတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ​ဒေသခံများထံမှ သိရသည်။

“သူက ဟိုဘက်ကမ်းကနေ ကူးလာတာ။ ဒီဘက်ကမ်းရောက်ခါနီး ပြန်မတက်နိုင်တော့ဘဲ ပျောက်သွားတာ။ ရေက လူ နှစ်ရပ်စာလောက်နစ်တယ်။ သူရေနစ်တာကို ကလေးတွေက မြင်ပြီး ရွာက လူကြီးတွေကို ပြောလို့ သိတာ “ဟု မုရောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူကို ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရေနစ်သူကယ်ဆယ်ရေးအဖွဲ့ဝင် ၁၃ ဦးဖြင့် ရေငုပ်ရှာဖွေခဲ့ရာ ၂ မိနစ်ခန့်အကြာတွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရာမည အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *