၁၀.၅.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်-ဆားမလောက်ကားလမ်းတွင် ​မေလ ၉ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ကျေးရွာအတွက် အသုံးပြုရန် အအေးခန်းအခေါင်းသယ်ယူပြီး ​ပြန်လာသော ကားတစ်စီးမှာ ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ လိုက်ပါလာသူ ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရန်ကုန်ကနေမှာတဲ့ အဲယားကွန်းအခေါင်းကို ညောင်ဝိုင်းရွာအတွက် သွားသယ်ပြီး အပြန်မှာ ဘရိတ်ပေါက်ရင်း လမ်းဘေးမြောင်းထဲ မှောက်သွားတာ ကိုယ့်ရွာသားနှစ်ယောက်ပါတော့ စိတ်မကောင်းဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိမ်းမှောက်သော မော်တော်ယာဥ်မှာ လိုက်ထရပ်ယာဥ်အမျိုးအစားဖြစ်ပြီး သေဆုံးသူများမှာ မအူပင်မြို့နယ် အမှတ်(၁၂) ရပ်ကွက်တွင် နေထိုင်သော ဦးကျော်နှင့် ညောင်ဝိုင်းကျေးရွာတွင် နေထိုင်သော ဦးထွန်းထွန်းနှင့် ဦးဌေးလွင်တို့ဖြစ်ကြောင်း သိရသည်။

ယာဥ်တိမ်း​မှောက်မှုကြောင့်သေဆုံးသူများကို ဒေသခံပရဟိတအဖွဲ့ဝင်များ၏ အကူအညီဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *