၁၀.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ အောင်စိုးမိုးလမ်း၊ ဦးကျော်တံတားအနီးတွင် အရက်ဆိုင်ထဲ၌ အရက်သောက်ပြီး နေအိမ်သို့ လမ်းလျောက်ပြန်လာသည့် အမျိုးသားတစ်ဦး မေလ ၁၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

အမျိုးသားတစ်ဦး လမ်းလျှောက်လာရင်း လဲကျသွားကြောင်း သတင်းရရှိကြောင့် အခင်းဖြစ်နေရာသို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အသင်းယာဥ်ဖြင့်သွားရောက်ကူညီရာ ထိုအမျိုးသားမှာ မျက်ဖြူများစိုက်နေသောကြောင့် အုတ်တွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူရင်းသေဆုံးသွားကြောင်း သိရသည်။

“အရက်လည်း ကြောင်နေတာလို့ပြောတယ်။ သူက အရက်ဆိုင်ထဲကနေ ထွက်လာတာ။ အဲ့ဒီမှာ လမ်းမှာလဲကျသွားတာ” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သေဆုံးသည့် အမျိုးသားမှာ ကြက်သွန်ခင်း (၂) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဦးကျော်မင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ နေအပူရှိန်ပြင်းထန်မူကြောင့် ပြီးခဲ့သည့် လပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသမီးတစ်ဦး စျေးထဲ၌ ရုတ်တရက်မူးလဲ၍ သေဆုံးပြီး၊ ကုန်တင်ကုန်ချပြုလုပ်သည့် အမျိုးသားလည်း အရက်သောက်ပြီး ရုတ်တရက်ပါးစပ်ထဲမှ အမြှုပ်များထွက်၍ ဆေးရုံ၌သေဆုံးသည့် ဖြစ်စဥ်များရှိခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း ရဟန်းတစ်ပါးနှင့် အမျိုးသားများလည်း အပူရှိန်ပြင်းထန်မူကြောင့် လဲကျ သေဆုံးခဲ့ခြင်းများလည်း ရှိခဲ့သည်။

ဓာတ်ပုံ – ရင်ခုန်သံရှင်ရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *