၉. ၅. ၂၀၂၄
Written by Nay Moe

မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းကို PDF တွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံပြည်သူ (၃၂) ဦး သေဆုံးပြီး (၁၄)ဦး ဗုံးစထိမှန်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ SAC ရဲ့ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ မေလ ၉ ရက် နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က ဒီနေ့ မေလ ၉ ရက်မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအရှေ့ဘက်မှာရှိတဲ့ ဆုံရွာကျေးရွာကို PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တာပါ။

ဒီတိုက်ခိုက်မှုဖြစ်စဥ်က မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအရှေ့ဘက် မီတာ ၄၀၀၀ ခန့် အကွာမှာရှိတဲ့ ဆုံရွာကျေးရွာပြည်သူ့စစ်စခန်းကို PDF တွေက ဆုံရွာရဲ့တောင်ဘက်နဲ့ အရှေ့တောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ်တွေက ပြန်လည်တိုက်ခိုက်ရာမှာ PDF တွေက ရွာရဲ့အရှေ့ဘက်ဆုတ်ခွာပြေးကြတာဖြစ်ပြီး ဒီလိုထွက်ပြေးချိန်မှာ နီးစပ်ရာအိမ်တွေ မီးရှို့ခဲ့လို့ နေအိမ် ၅၀ လောက်မီးလောင်ပျက်စီးခဲ့ရသလို သေဆုံးဒဏ်ရာရမှုတွေလည်း ဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့ တာဝန်ရှိသူတွေက မီးငြှိမ်းသတ်ရေးလုပ်ငန်းစဥ်တွေ လုပ်ဆောင်ပေးထားသလို နယ်မြေရှင်းလင်းမှုတွေလည်း လုပ်ဆောင်နေပြီး သေဆုံး၊ ဒဏ်ရာရသူတွေကိုလည်း မန္တလေးမြို့က နယ်မြေခံတပ်မတော်ဆေးရုံဆီ တင်ပို့ကုသပေးနေတယ်လို့ သိရပါတယ်။

ပုံစာ။ PDF များပစ်ခတ်သတ်ဖြတ်၍ သေဆုံးရသည့် ဆုံရွာပြည်သူများနှင့် မီးလောင်မှုပုံရိပ်များ မြင်ကွင်း။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *