(Photo- MRF)

၉. ၅. ၂၉၂၄
Written by Nyein Kyaw

ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက်ရှိ သိုလှောင်ရုံများ မှတ်ပုံတင်ရန် စတင်ခဲ့သည့် ခြောက်လကျော်အတွင်း သိုလှောင်ရုံ ၆၀၀ ကျော်က မှတ်ပုံတင်ထားပြီးဖြစ်၍ ကျန်ရှိနေသေးသည့် သိုလှောင်ရုံများလည်း မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးဦးစီးဌာနက ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့‌ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) www.myro.com.mm တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်အထိ ခြောက်လကျော်အတွင်း Myanmar Rice Online (MyRo) www.myro.com.mm တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၉၄ ခု၏ သိုလှောင်ရုံ ၁၉၇ လုံး၊ လူပုဂ္ဂိုလ် ၂၂၁ ဦး၏ သိုလှောင်ရုံ ၄၀၉ လုံး စုစုပေါင်း သိုလှောင်ရုံအရေအတွက် ၆၀၆ လုံး မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo) www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြပါရန် ထပ်မံအသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *