၉. ၄. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေး မြင့်တက်နေမှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၅ သန်း ယနေ့ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပိုကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ မေလ ၉ ရက်(ယနေ့)အထိ သုံးလကျော်တွင် ၁၁ ကြိမ်ရောင်းချပေးမှု စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၂၆ သန်း၊ တရုတ်ယွမ် ၁၆ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်းအထိရှိပြီဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ Online Trading Platform၊ အခြားငွေကြေးဈေးကွက်၊ ကျပ်ငွေအပေါင်ယူကာ နိုင်ငံငွေရောင်းချပေးမှု၊ လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီတင်သွင်းသောကုမ္ပဏီများအား နည်းလမ်းမျိုးစုံဖြင့် နိုင်ငံခြားငွေများ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ရောင်းချပေးခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံခြားငွေစုစုပေါင်း ဒေါ်လာ ၁၈၈ သန်းကျော်၊ ထိုင်းဘတ် ၁၅၀၉ သန်းကျော်နှင့် တရုတ်ယွမ် ၄၉ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်သော်လည်း ငွေလဲလှယ်နှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကာ ဧပြီ ၂၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၉၀၀ သိုရောက်ရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာကျပ် ၃၉၅၀ အထိ မြင့်တက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *