၉. ၅. ၂၀၂၄
Written by Pan Ei

တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေကို လေ့လာနေတဲ့ မီဇိုလူမျိုး တိရစ္ဆာန်ပညာရှင် ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သိသာထင်ရှားတဲ့ တိရစ္ဆာန်ရှာဖွေတွေ့ရှိမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယိ။ ခုလိုတွေ့ရှိမှုဟာ မီဇိုရမ်တက္ကသိုလ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်သူတွေအကြား ပူးပေါင်းသုတေသနပြုခြင်းရဲ့ ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။

အသစ်တွေ့ရှိထားတဲ့ မြွေမျိုးစိတ်ကို Herpetoreas davidi လို့ အမည်ပေးထားပြီး ပြင်သစ်လူမျိုး သက်ရှိမျိုးခွဲပညာရှင် ပက်ထရစ် ဒေးဗစ်(Patrick David)ကို ဂါရဝပြုတဲ့အနေနဲ့ အမည်သတ်မှတ်ပေးထားတာ ​ဖြစ်ပါတယ်။ သူတို့ရဲ့သုတေသနတွေ့ရှိချက်တွေကို ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နာမည်ကြီး သိပ္ပံဂျာနယ်ဖြစ်တဲ့ European Journal of Taxonomy ရဲ့ အတွဲ ၉၃၂ မှာ တရားဝင် ထည့်သွင်းထုတ်ဝေခဲ့ပါတယ်။

ပရော်ဖက်ဆာ HT Lalremsanga ဟာ အသစ်တွေ့ရှိထားတဲ့ မြွေရဲ့ ထူးခြားတဲ့လက္ခဏာတွေကို အသေးစိတ်ရှင်းလင်းခဲ့ပြီး အဲ့ဒီမြွေဟာ အဆိပ်မရှိတဲ့ သဘာဝရဲ့ရှားပါးတဲ့နမူနာတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။ အဆိုပါ အရှည် ၉ လက်မကနေ ၁၁ လက်မကြားရှိတဲ့မြွေတွေဟာ ဖားတွေကို စားသောက်တတ်ပြီး စိုထိုင်းဆမြင့်မားတဲ့ စိမ့်မြေတွေမှာ အဓိကနေထိုင်တာကို တွေ့ရှိရပါတယ်။

အသစ်တွေ့ရှိတဲ့ မျိုးစိတ်တွေကို လက်ရှိမှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမဆင်ဘေးမဲ့တောထဲမှာသာ တွေ့ရှိရကြောင်း အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေမျိုးစိတ်သစ်တွေရဲ့ အကောင်အရေအတွက်အခြေအနေကို သိရှိနိုင်ဖို့ အခြားသော ဇီဝအချက်အလက်မရရှိနိုင်သေးတာကြောင့်နဲ့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ အဆိုပါမျိုးစိတ်တွေကို အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးယူနီယံရဲ့ Red List အမျိုးအစားတွေအတိုင်း အချက်အလက်မရှိတဲ့ (DD) မျိုးစိတ်အဖြစ် သတ်မှတ်သင့်တယ်လို့လည်း သုတေသီတွေက အကြံပြုထားပါတယ်။

Ref; India Today NE, Xinhua

Leave a Reply

Your email address will not be published. Required fields are marked *