၆. ၅. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတယ်စွပ်စွဲပြီး နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို ပစ်ခတ်သတ်ဖြတ်လိုက်တာကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ပေါင်းတည် ၃၆၀၁ PPDF တပ်ရင်းက ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီသတ်ဖြတ်မှုကို မေလ ၅ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ကျုးလွန်ခဲ့တာဖြစ်ပြီး ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာနေ လက်နက်မဲ့အုပ်ချုပ်ရေးမူး ဦးဝင်းလှိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅(တောဘုရင်)အဖွဲ့က နေအိမ်အထိ သွားရောက်ပစ်ခတ် သတ်ဖြတ်လိုက်တာပါ။

နွားခြံကုန်းကျေးရွာ ပထမ အုပ်ချုပ်ရေးမှူးကလည်း ပေါင်းတည် PDF တွေ သတ်ဖြတ်ထားတာဖြစ်ပြီး ဦးဝင်းလှိုင်က ဘယ်သူမှ အုပ်ချုပ်ရေးမှူးမလုပ်ရဲရင် သူကိုယ်တိုင် အုပ်ချုပ်ရေးမှူးလုပ်လိုတယ်ပြောပြီး အုပ်ချုပ်ရေးမှူး ရာထူးတာဝန်ရယူခဲ့သလို အုပ်ချုပ်ရေးမှူဖြစ်လာတဲ့အခါ လယ်ယာမြေကိစ္စတွေမှာ ပြည်သူဆီက အတင်းအဓမ္မ ငွေညှစ်တာ၊ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို စစ်သားအဖြစ် ဖမ်းဆီးတာတွေကြောင့် သတ်လိုက်တာလို့လည်း ပေါင်းတည် PDF က သတ်ဖြတ်မှုကျူးလွန်တဲ့အပေါ်  ဆင်ခြေပေးထားပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေ အများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် ဧပြီလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်နဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၈၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *