၅.၅.၂၀၂၄
Written By Thandar

The Voice Myanmar သီချင်းပြိုင်ပွဲကတစ်ဆင့် ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ တေးသံရှင် ခင်ရတနာစိုးကတော့ မင်္ဂလာဆိုင်းတစ်ပွဲကို ငှားရမ်းရင် ကျပ်သိန်း၄၀ ယူပေမဲ့ ပိုက်ဆံ သိန်း ၄၀ လုံး မကျန်တာကို ကျန်တယ်ထင်နေကြတယ်လို့ ဆိုပါတယ်။

“နင်တို့စောက်ပေါ Page တွေကလည်း အနုပညာကို လှောင်စရာကျလို့နော်။ ငါဆိုင်းတစ်ပွဲ ၄၀ ဆိုတာ ငါ့ရပ် ကွက်နဲ့ နှစ်မိုင်ပဲဝေးလို့ တီးပေးတာ။ ပြီးတော့ ၄၀ လုံးကျန်တယ် ထင်နေကြတာလား။ ဆိုင်းအဖွဲ့သား ၂၅ ယောက် အနုပညာကြေး၊ ဆိုင်းပစ္စည်းတင်တဲ့ ဆိုင်းကားကြေး၊ ဆောင်းဘောက်နဲ့ အဖွဲ့သားအယောက် ၂၀ အနုပညာကြေး။ အကုန်စျေးတက်နေတာ။ ဆိုင်းပွဲတစ်ပွဲတီးပြီးတိုင်း တွက် ချေမကိုက်လို့ ဒီဆိုင်းပွဲတွေ ထွက်ကို မထွက်ချင်တာ။ ငါ့အဖွဲ့သားတွေကိုသနားပြီး အားနာလို့ငါလုပ်နေတာ။ နယ်ဝေးရင်တော့ ဘယ်သူက ၄၀ နဲ့လိုက်မှာလဲ” လို့ တေးသံရှင် ခင်ရတနာစိုးက ပရိသတ်သိ‌အောင် ပြောပါတယ်။

အဆိုပါ မင်္ဂလာဆိုင်းအဖွဲ့မှာတော့ ဆိုင်း အဖွဲ့သား ၂၅ ယောက် အပြင် Sound Box ၊ အနုပညာကြေး စတာတွေနဲ့ တိုက်ချေမကိုက်ဘူးလို့ ဆိုပါတယ်။ ခင်ရတနာစိုးဟာ “ရတနာလွှမ်း” မင်္ဂလာဆိုင်း (ဒိုက်ဦးမြို့)ကိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက တည်ထောင်ထားသူလည်းဖြစ်ပါတယ်။

“ပြီးတော့ ဆိုင်းပွဲတစ်ပွဲ ကျန်တဲ့ငွေက ငါသီချင်းဆိုတဲ့ အဆိုတစ်ပွဲစာတောင်မကျန်လို့ တီးကိုမတီးချင်တာ ငါ့မိဘစိတ်ချမ်းသာအောင် လုပ်ပေးနေတာ။ ဝါသနာလည်း မပါဘူး။ ငါဖြစ်ချင်တာအဆိုတော်။ ငါလုပ်နေတဲ့ Professional အလုပ်က အဆိုတော်။ Acc ထဲက လူတွေလည်းနော်။ အဲ့စောက်ပေါ Page တွေတင်သမျှကို Share ပြီး ငါ့ကို Troll ကြတာမျက်နှာ မပူကြဘူးလား။ သူများယောင်တိုင်းလိုက်ယောင်နေတာ။ Unfriend သွားကြပါ။ ငါ့ကို Accထဲထားပြီး လှောင်နေကြတာ မြင်ရတာ ရွံလွန်းလို့။ စေတနာထားလုပ်တဲ့အလုပ်ကို လှောင်စရာ မှတ်လို့။ တော်တော်ကျက်သရေတုံးတဲ့ Page နဲ့ အောက်တန်းစား Troller တွေ” လို့ သူမက ဆက်ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *