၂.၅.၂၀၂၄
Written By Thandar

နွမ်းပါးပြီး ကျောထောက်နောက်ခံမရှိသလို ကျန်းမာရေးမကောင်းတဲ့ အစည်းအရုံးဝင် ၉ ဦးကို ကူညီထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ယနေ့ မေလ ၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ အစည်းအရုံး အသင်းဝင်ဖြစ်သလို ဆေးရုံလည်း တက်နေသူတွေကိုသာ ယခင်ထောက်ပံ့ပေးနေတာပါ။ အခုက နာတာရှည် ဝေဒနာသည်တွေကိုပါ ထပ်မံကူညီပံ့ပိုးပေးတာပါ။ ကျွန်တော့်တို့ အဖွဲ့အစည်းကလည်း NGO အဖွဲ့အစည်းဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ကြိုးစားပြီး ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ အခုကတော့ ဝါရင့်အနုပညာရှင်ကြီးတွေ နာတာရှည်ဝေဒနာရှင်တွေ အထူးသီးသန့်ရန်ပုံငွေ ထပ်မံကူညီပံ့ပိုးပေးတာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။

ဒီထောက်ပံ့မှုမှာ သရုပ်ဆောင်အလွှာအနေနဲ့ ဦးစံတင် (လှံမင်းသား) နဲ့ ဒေါ်သင်းသင်းလဲ့ ၊ ဇာတ်ပို့ ဇာတ်ရံအလွှာအနေနဲ့ ဦးကျော်မင်း နဲ့ ဒေါ်လဲ့ ၊ ဇာတ်ညွှန်းအလွှာက ဦးရွှေစင် ၊ စက်မှူအလွှာအနေနဲ့ ဦးကျော်ညွှန့် (ကင်မရာမန်း)၊ ဦးကြည်(ကင်မရာမန်း) ၊ ဦးသန်းညွှန့် (ကင်မရာမန်း) ၊ တည်းဖြတ်အလွှာက ဦးအုန်းမောင် တို့ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကက ကျပ် ၃ သိန်းနဲ့ မင်္ဂလာရုပ်ရှင်အဖွဲ့က ဦးဇော်မင်းက ကျပ် ၁ သိန်းတို့ကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

အဆိုပါ အလွှာအလိုက်ကို မေလ ၃ ရက် နဲ့ ၄ ရက်နေ့တို့မှာ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ပေးမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *