၂.၅.၂၀၂၄
Translated by Htwe Ko Tun

ရုရှားဘက်မှ ပစ်လွှတ်လိုက်သော တိုက်ချင်းပစ်ဒုံးပျံတစ်စီးက ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာဆိပ်ကမ်းမြို့ရှိ စာတိုက်ရုံးကို မေလ ၁ ရက် ညနေပိုင်းတွင် ထိမှန်ခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလက်ကီပါက ပြောခဲ့သည်။

၎င်းကရက်ပိုင်းအတွင်း အိုဒက်ဆာမြို့အား တတိယမြောက် တိုက်ချင်းပစ်ဒုံးပျံဖြင့်တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။ ကီပါက ဒဏ်ရာရသူတစ်ဦးကို ဆေးရုံတင်ခဲ့ရကြောင်း Telegram လူမှုကွန်ရက်တွင် ရေးခဲ့သည်။

ဒုံးပျံက စာတိုက်ရုံးအားမထိမှန်မီ စာတိုက်ဝန်ထမ်း ၁၈ ဦးစလုံးက ၎င်းတို့တာဝန်များကို ဗုံးအကာအကွယ်များ၌ ထမ်းဆောင်နေကြသဖြင့် ဘေးအန္တရာယ်ကင်းကြကြောင်း စာတိုက်အကြီးအကဲက ပြောခဲ့သည်။

အိုဒက်ဆာမြို့က ရုရှားဘက်မှ ဒုံးကျည်များမကြာခဏပစ်ခတ်တိုက်ခိုက်ခံရသောမြို့ဖြစ်၍ လွန်ခဲ့သော နှစ်ရက်အတွင်း၌ပင် လူရှစ်ဦးသေဆုံးခဲ့သည်။ ရုရှားကမူ အရပ်ဘက်အဆောက်အအုံများကိုတိုက်ခိုက်‌ခြင်းမရှိဟု ငြင်းဆိုထားသည်။

Ref.,MSN

Leave a Reply

Your email address will not be published. Required fields are marked *