၂.၅.၂၀၂၄
Written by KL

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ဆန်ခါကျေးရွာရှိ တောက်ပကြယ်လုပ်ကွက်ဟောင်းတွင် ယနေ့ မေလ ၂ ရက် နံနက်ပိုင်းက နွံကန်ပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

“နွံကန်ပြိုကျလို့ ၂ ယောက်သေတယ်လို့လည်းကြားတယ်။ပျောက်နေတဲ့သူတွေလည်းရှိနေသေးတယ်။ အခုလက်ရှိတော့ လူတစ်ယောက်သေဆုံးတယ်ပဲ တွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ် အမျိုးသားဖြစ်ပြီး ဆိုင်ရာရွာသစ်တွင် နေထိုင်သူဖြစ်ကာ ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ သေဆုံးသူ၏ရုပ်အလောင်းကို ဆန်ခါကျေးရွာရှိ နာရေးကူညီမှု အသင်းက သယ်ယူပေးခဲ့​ကြောင်း သိရသည်။

အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် တောက်ပကြယ်လုပ်ကွက်ဟောင်း၌ မြေစာပြိုကျရာမှ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံစာ။ တောက်ပကြယ်လုပ်ကွက်ဟောင်းမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *