ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

၃၀ .၄ .၂၀၂၄
Written by MMAK

ဘောလုံးရာသီပြီးဆုံးဖို့ နီးကပ်လာပြီဖြစ်သလို ပရိသတ် စိတ်ဝင်စားမှုအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဟာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအဆင့်ကိုရောက်ရှိလာတဲ့ အသင်းတိုင်းဟာ ခြေစွမ်းကောင်းပြီး အရည်အသွေးမြင့်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားကြတဲ့ အသင်းကြီးတွေဆိုတာ မေးခွန်းထုတ်ဖို့လည်း သိပ်လိုမယ်မထင်ပါဘူး။

ဒါပေမဲ့ ဒီနှစ် ဆီမီးဖိုင်နယ်အဆင့်ကို နာမည်ကြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေ တစ်သင်းမှ တက်ရောက်လာနိုင်ခြင်း မရှိသလို ပြင်သစ်ကလပ် PSG ၊ စပိန်ကလပ် ရီးရဲမက်ဒရစ်နဲ့ ဂျာမနီကလပ်နှစ်သင်းဖြစ်တဲ့ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ် အသင်းတို့် တက်ရောက်လာကြတာပါ။ ဒီအသင်းအားလုံးမှာ ထူးခြားချက်အဖြစ် ဒေါ့မွန်ရဲ့သစ္စာရှင် မာကိုရူးစ်၊ မက်ဆီမရှိမှ ဆီမီးဖိုင်နယ်ပြန်ရောက်လာတဲ့ PSG ရဲ့ အမ်ဘာပေ၊ ဖလားတွေနဲ့ကံမစပ်တဲ့ ဟယ်ရီကိန်း၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုကိုဖောက်ထွက်ပြီး ဘောလွန်းဒီအောရခဲ့တဲ့ မိုဒရစ်အတွက် နှုတ်ဆက်ဖလား ဒီကစားသမားတွေအတွက် ဘယ်သူရရအနှစ်သာရရှိတဲ့ ချန်ပီယံတွေအဖြစ် ပရိသတ်ကနှစ်လိုကြမဲ့အသင်းတွေဖြစ်နေတာကလည်း ထူးခြားမှုပါ။

ဒီလိုထူးခြားမှုတွေနဲ့ ဒီအဆင့်မှာ ပေါက်ကြေးတွေကိုပဲ ကြည့်လို့မရဘဲ ထိပ်တိုက်တွေ့ဆုံတဲ့အသင်းတွေရဲ့ လက်ရှိခြေစွမ်းနဲ့ တခြားသောအကြောင်းအရာမျိုးစုံကို ထည့်တွက် စဉ်းစားရမှာပါ။ အိမ်ရှင် ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် ခြောက်ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် မာစတာကြီး ရီးရဲမက်ဒရစ်အသင်းကတော့ တစ်ဆယ့်လေးကြိမ်နဲ့ စံချိန်တင်ရယူထားနိုင်ပါတယ်။

လက်ရှိခြေစွမ်းအရဆိုရင်လည်း ရီးရဲအသင်းက ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံ လေးဆယ့်ခုနှစ်ပွဲထိ ကစားထားရာမှာ ရှုံးပွဲနှစ်ပွဲသာ ရှိထားတာ ဖြစ်ပါတယ်။

ရီးရဲအသင်းရဲ့ နည်းပြကြီး အန်စလော့တီဟာ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်ထိ ရယူထားနိုင်တဲ့ သမ္ဘာရင့်နည်းပြတစ်ဦးဖြစ်ပြီး သူ့ရဲ့ဦးဆောင်မှုနှင့်အတူ အရည်အသွေးမြင့်လူငယ်ကစားသမားတွေနဲ့ သမ္ဘာရင့်သက်ကြီးကစားသမားတွေ အချိုးကျ ပေါင်းစပ်ထားတဲ့ ရီးရဲအသင်းရဲ့ လက်ရှိခြေစွမ်းဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်ဆိုတာ မန်စီးတီးလိုအသင်းကို ဖြုတ်ချပြနိုင်ခဲ့တာလည်း သက်သေပါပဲ။

အိမ်ရှင်ဘိုင်ယန်မြူးနစ်နဲ့ ဖလားကံမစပ်တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းတို့အတွက်လည်း ချန်ပီယံလိဂ်ဟာ ဒီရာသီ နောက်ဆုံးမျှော်လင့်ချက် ဖလားဖြစ်ပါတယ်။ ဒီရာသီမှာ အရမ်းကောင်းတဲ့ ခြေစွမ်းမျိုး မပြသထားနိုင်သလို ရာသီကုန်ရင် နည်းပြတူချယ်ကို ထုတ်နိုင်ဖွယ်ရှိတဲ့ အသင်းဖြစ်ပြီး ချန်ပီယံလိဂ်သာ မယူပေးနိုင်ခဲ့ရင် နည်းပြတူချယ် သေချာပေါက် ထွက်ရမှာ ဖြစ်တာကြောင့် အကောင်းဆုံးပြင်ဆင်ထားမှာ သေချာပါတယ်။

ဒါ့အပြင် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရဖို့အတွက် ရီးရဲအသင်းကို အကောင်းဆုံးထင်ကြေးပေးနေကြပါတယ်။ ဖိုင်နယ်ဟာ PSG နဲ့ ရီးရဲမက်ဒရစ်ကန်ရမယ်လို့ စာရေးသူအနေနဲ့ သုံးသပ်ထားပြီး ရီးရဲအသင်းကပဲ တစ်ဆယ့်ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူသွားမယ်လို့ ထင်ပါတယ်။

ဒီလိုခန့်မှန်းထားပေမဲ့ ဒီပွဲမှာ အိမ်ရှင်ဘိုင်ယန်မြူးနစ်အသင်းက ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံး သုံးဆယ်စား ပေးထားပါတယ်။ ကြေးကအိမ်ရှင်ပေါက်ပေမဲ့ လက်ရှိခြေစွမ်းအရ ရီးရဲမက်ဒရစ်အသင်းက ပိုကောင်းတဲ့အသင်းဖြစ်သလို ကစားသမားတွေနဲ့ နည်းပြအရည်းအသွေးတို့မှာလည်း ရီးရဲအသင်းကပိုသာပါတယ်။ အဝေးကွင်းဖြစ်နေပေမဲ့ ရီးရဲအသင်း မရှုံးနိုင်ဘူးထင်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့လည်း ရီးရဲအသင်းရဲ့ လျှင်မြန်တဲ့ ကောင်တာတိုက်စစ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် သွင်းဂိုးတွေ ခွင့်ပြုရပါလိမ့်မယ်။ ဒီလိုအခြေအနေ ဒီလိုခြေစွမ်းနဲ့ ရီးရဲအသင်း အဝေးကွင်းမှာ အနိမ့်ဆုံးသရေ ကန်နိုင်လိမ့်မယ်လို့ ယူဆထားတဲ့အတွက် သရေကျရင် ပြားလေးဆယ်စားရမဲ့ တော်ဝင်မက်ဒရစ်အသင်းကို ရွေးချယ်တာဟာ အကောင်းဆုံးဖြစ်မှာဖြစ်သလို မကြာခင်အချိန်အတွင်းမှာတော့ ​ဘယ်သူချန်ပီယံဖြစ်နိုင်မလဲဆိုတာနဲ့ ဘယ်သူကချန်ပီယံခြေစွမ်းပြပြီး နောက်တစ်ဆင့်တက်မဲ့အသင်းဆိုတာ တစ်ကမ္ဘာလုံး မြင်တွေ့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *