၃၀.၄.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ မင်းသားနေထူးနိုင်ကတော့ မြန်မာနိုင်ငံရဲ့စံချိန်တင် အပူဆုံးမြို့ဖြစ်နေတဲ့ မကွေးတိုင်း ချောက်မြို့မှာ အပင် ၅၀၀၀ စိုက်ပြီး ကုသိုလ်ယူမယ်လို့ MT Entertainment ကို ပြောပါတယ်။

“ကျွန်တော်တို့ ချောက်မြို့မှာ တတိယအကြိမ်မြောက် သစ်ပင် ၅၀၀၀ စိုက်ဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ အဖက်ဖက်က ပါဝင်ပြီး လှူဒါန်းမှုတွေလုပ်ဆောင်ပေးနေကြပါတယ် ” လို့ သရုပ်ဆောင် နေထူးနိုင်က ပြောပါတယ်။

သူက ယခု တတိယအကြိမ်မြောက် သစ်ပင်စိုက်လှူဒါန်းတာလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ရေနံချောင်းမြို့ စိမ်းလန်းစိုပြေရေးအတွက် ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက ဦးဆောင်မှုနဲ့အတူ အရိပ်ရသစ်ပင် ၁၃၅၀ စိုက်ပျိုးခဲ့ပြီးလည်းဖြစ်ပါတယ်။ နေထူးနိုင်ကတော့ အချိန်အားလျှော်စွာ သစ်ပင်တွေကို ဇနီးမောင်နှံနှစ်ယောက်လုံးက အားသွန်ခွန်စိုက် စိုက်ပျိုးလှူဒါန်းနေလျှက်ရှိသူလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ဧပြီလတွင်း ကမ္ဘာ့စံချိန်တင် အပူဆုံးမြို့ဖြစ်ခဲ့တဲ့ မကွေးတိုင်း ချောက်မြို့မှာ အပင်ထပ်မံစိုက်ပျိုးလှူဒါန်းမှု လာမယ့် ဇွန်လပိုင်းမှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *