၂၉.၄.၂၀၂၄
Written By Thandar

အသည်းကွဲသီချင်းတွေ အမြဲသီဆိုတတ်တဲ့ အဆိုတော် ရော်ရွက်က ချစ်သူကောင်မလေးနဲ့အတူ Pre Wedding လေးရိုက်ကူးပြီး ပရိသတ်ကိုချပြလာပါတယ်။

“ခဏတာရတဲ့ဘဝမှာ မင်းနဲ့အတူတူ အကြာကြီးရှင်သန်ချင်တယ် ” လို့ အဆိုတော် ရော်ရွက်က ပြောပါတယ်။

သူတို့ နှစ်ယောက်ရဲ့ Pre Wedding ပုံလေးတွေကို Venus Wedding PhotoStudio က ရိုက်ကူးပေးထားတာလည်းဖြစ်ပါတယ်။ ရော်ရွက်ရဲ့ ချစ်သူကောင်မလေး Ella HN ကတော့ မကြာခင်က ရော်ရွက်နဲ့ Mhu Thar တို့ ထွက်ရှိထားတဲ့ ကဗျာ Music Video မှာ ပါဝင်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

“အမှတ်တမဲ့တွေ့ဆုံခဲ့ပြီး အမှတ်တရတွေအများကြီးနဲ့ ဘဝတစ်ခုကို နှစ်ယောက်အတူတူ လျှောက်လမ်းရန် ပထမဦးဆုံးခြေလှမ်း။ ပြောချင်တာက မင်္ဂလာဆောင်တော့မယ်လို့ ” လို့ ရော်ရွက်ရဲ့ ချစ်သူ Ella HN က ရင်ဖွင့်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *