၂၉.၄.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် ဧပြီလ ၂၈ ရက် ညနေ ၃ နာရီက နေအိမ်တစ်လုံးတွင် ရေမော်တာဖြင့် ရေတင်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၇ လုံးနှင့် ဂိုထောင် ၁ လုံး မီးလောင်ဆုံးရှူံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အလျား ၁၅ ပေ၊အနံ ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ် ၄ လုံး၊အလျားပေ ၂၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်းလူနေအိမ် ၁ လုံးနှင့် အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ အုတ်ညှပ်ဂိုထောင် ၁ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။

“မီးလောင်တာခဏလေးနဲ့တင်ကို အိမ်တွေကလည်း မီးလောင်လွယ်တဲ့ထရံတွေ၊ ပျဥ်ခင်းတွေဆိုတော့ ခဏလေးနဲ့ပါကုန်တာ”ဟု ပေါင်းတည်မြို့ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်နှင့် ဂို​ထောင်မီးလောင်မှုကို ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ နတ္တလင်းမြို့နယ်မီးသတ်စခန်း၊ သဲကုန်းမြို့နယ်မီးသတ်စခန်းတို့မှ စုစု​ပေါင်းမီးငြှိမ်းသတ်ယာဥ် ၇ စီးဖြင့် သန္ဓေ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *