၂၉.၄.၂၀၂၄
Written By Thandar

ကမ္ဘောဒီးယားက တော်ဝင်မင်းသမီးလေး Princess Jenna Norodom နဲ့ မြန်မာသရုပ်ဆောင် ပိုင်တံခွန်တို့ ပါဝင်ထားတဲ့ “သန်းခေါင်ယံကျိန်စာ “မြန်မာစာတန်းထိုးကမ္ဘောဒီးယားရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၃ ရက်မှာ မြန်မာနိုင်ငံအတွင်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

ခြောက်ခြားကြောက်လန့်စရာ ဇာတ်လမ်းပုံစံကို Real Bros.Film Production က ထုတ်လုပ်ပြီး ကမ္ဘောဒီးယားဒါရိုက်တာ Leak Lyda က Pai အဖြစ် သရုပ်ဆောင် ပိုင်တံခွန်၊ Gech Lee အဖြစ် ကမ္ဘာဒီးယားဘုရင်ရဲ့မြေး တော်ဝင်မင်းသမီးလေး Princess Jenna Norodom၊ Dalin အဖြစ် Shin Yubin၊ Reatrei အဖြစ် Mony Raksa စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။

ဒီဇာတ်ကားက ကျိန်စာသင့်နေတဲ့ မိဘမဲ့ဂေဟာလေးတစ်ခုမှာ ခြောက်လှန့်နေတဲ့ ကြောက်လန့်ဖွယ် သန်းခေါင်ယံညများ၊ ဂေဟာလေးရဲ့ အတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသ၊ အမုန်း၊ အာဃာတတွေ ပြည့်နှက်နေတဲ့ မကောင်းဆိုးဝါးဝိညာဉ်အကြောင်းကိုရိုက်ကူးပုံဖော်ထားတယ်ပြီး ပိုင်တံခွန်နဲ့အတူ ကမ္ဘောဒီးယားသရုပ်ဆောင်များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *