နိုင်ဂျီးရီးယားနိုင်ငံအတွင်း ခရစ်ယာန်ဘာသာကိုးကွယ်မှုနှင့် လွတ်လပ်စွာ ဘာသာတရားကိုးကွယ်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ

၂၉.၄.၂၀၂၄
Translated by Htwe Ko Tun

လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော International Scciety for Civil Liberties and Rule of Law က နိုင်ဂျီးရီးယားနိုင်ငံအတွင်း ခရစ်ယာန်ဘာသာအား ယုံကြည်ကိုးကွယ်မှုနှင့် လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်တို့ကို ဆုံးရှုံးရဖွယ်ရှိနေကြောင်း သတိပေးပြောကြားခဲ့သည်။

ထိုအဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ၁၃ လတာကာလအတွင်း ခရစ်ယာန်ဘာသာဝင် ၈,၂၀၀ ကျော်မှာ အကာအကွယ်မဲ့အသတ်ခံခဲ့ရပြီး ၈,၀၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရကြောင်း၊ ပြန်ပေးဆွဲခံရသူများ၏ ၁၀ ရာခိုင် နှုန်းဖြစ်သော ၈၀၀ ခန့်မှာ မိသားစုဝင်များထံ ပြန်ရောက်မလာခဲ့ကြဟု သိရကြောင်း သတိပေးကြေညာခဲ့သည်ဟု Daily Post သတင်းစာက ဧပြီလ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

ကြေညာချက်တွင် အဆိုပါအဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံ၌ ခရစ်ယာန်၊ ဂျူးနှင့် ရိုးရာအလေ့အထများကိုးကွယ်မှုများက နိုင်ဂျီးရီးယားနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို၊ အထူးသဖြင့် ပြည်မကြီးနှင့် အစ်ဂ်ဘို လူမျိုးစုဒေသများတွင် နောင်နှစ် ၅၀ အတွင်း ကွယ်ပျောက်သွားဖွယ်ပင်ရှိကြောင်းလည်း ပြောခဲ့သည်။ ထိုဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုများ  နှစ် ၅၀ အတွင်း နိုင်ဂျီးရီးယား၌ ဆုံးရှုံးကြရဖွယ်ရှိသည်ဟုလည်းကြေညာချက်က ဆိုခဲ့သည်။

ကြေညာချက်က ၈၀ ရာခိုင်နှုန်းသော နိုင်ဂျီးရီးယားနိုင်ံငံ၏ခေါင်းဆောင်များက သူတော်ကောင်းယောင်ဆောင်ထားသော ကြောင်သူတော်များသာဖြစ်ကြ၍ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို အကာအကွယ်ပေးသူများမဟုတ်ကြ၍ ဤသို့ဖြစ်ရကြောင်း ဆိုခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံမှ ခရစ်ယာန်ဘာသာဝင်တို့၏ တုန်လှုပ်ချောက်ခြားဖွယ် အတွေ့အကြုံ (သို့မဟုတ်)ဒုက္ခသုက္ခဝေဒနာများက ဘာသာတရားကိုင်းရှိုင်းမှုကို အကာအကွယ်ပေးခြင်းမပြုခဲ့ကြသော ဘာသာရေးကိုင်းရှိုင်းသူ ခေါင်းဆောင်များမှ မြစ်ဖျားခံလာခြင်းဟုအခြေခံအားဖြင့် လေ့လာတွေ့ရှိရကြောင်းလည်းကြေညာချက်က ဆိုခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံကို အစ္စလာမ္မစ်နိုင်ငံအဖြစ်ထူထောင်ရန် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့သော အစ္စလာမ္မစ်အစွန်း ရောက်တို့၏ ဘိုကိုဟာရမ် လှုပ်ရှားမှုမှစ၍ ၂၀၂၄ ခုနှစ် ဇန်န‌ဝါရီလအထိ အကာအကွယ်မဲ့ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၁၀၀,၀၀၀ ကျော်အသတ်ခံခဲ့ရပြီး အစွန်းမရောက်သော မွတ်ဆလင် ဘာသာဝင် ၄၆,၀၀၀ ခန့်လည်းသေဆုံးခဲ့ရရာ ဘာသာရေးကြောင့်သေဆုံးရသူ ၁၅၀,၀၀၀ သေဆုံးခဲ့ရသည်ဟုဆိုသည်။

ထိုကာလအတွင်း အနည်းဆုံး ဘုရားရှိခိုးကျောင်း ၁၉,၀၀၀ ထက်မနည်း ဖျက်ဆီးခံခဲ့ရပြီး ဂျုးဘုရားရှိခိုး ကျောင်းများနှင့် ခရစ်ယာန်ကျောင်း ၂,၅၀၀ လည်း ပါဝင်ကြောင်း သိရသည်။

Ref- Daily Post

Leave a Reply

Your email address will not be published. Required fields are marked *