၂၅.၄.၂၀၂၄
Written By Thandar

မင်းသမီး ခိုင်သင်းကြည်ကတော့ လွန်ခဲ့တဲ့ ၄ လက ကွယ်လွန်သွားခဲ့တဲ့ ကျေးဇူးရှင်ဖခင်ကြီး ဦးမောင်မောင် ၄ လပြည့်တွက် ရည်စူးကုသိုလ်တွေ ပြုလုပ်ခဲ့ပါတယ်။

“ကျေးဇူးရှင်ဖခင်ကြီး ၄ လပြည့် ရည်စူးကုသိုလ် အနေနဲ့ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးမှာဆွမ်းကပ်လှူ ပူဇော်ခဲ့ပါတယ်။ အိမ်မှာဘုန်းကြီးပင့် မေတ္တာပို့အမျှဝေ ကုသိုလ်ပြု အလှူအတန်းတွေကို လုပ်ခဲ့ပါတယ်” လို့ သရုပ်ဆောင် ခိုင်သင်းကြည်က ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က သူမ ဖခင်ကြီး ဦးမောင်မောင် (အသက် ၈၇ နှစ်) ဟာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တဲ့အတွက် ရည်စူးလှုဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှာ ဖခင်ဖြစ်သူအတွက် ကြိုဝယ်ထားခဲ့တဲ့အာဟာရမှုန့်၊ အားဆေး၊ ဆေးပစ္စည်းနဲ့ အစာအိတ်၊ အစာပိုက်တွေ ၇ သိန်းဖိုးနဲ့ ငွေကျပ် ၃ သိန်းလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

“ဒီ ကင်ဆာဖောင်ဒေးရှင်မှာ ကိုယ့်ကိုတွေ့တွေခြင်း ငါ့ကိုမမှတ်မိဘူးလား။ ငါက နင့်သူငယ်ချင်းလေဆိုတော့ကျောင်းတုန်းက သူငယ်ချင်းထင်လို့ …ပြီးမှ Fb ထဲမှာပြောတာတဲ့လေ။ ဒီမှာ ကိုယ့်အဖေအရွယ်တွေ တွေ့ရင်အဖေ့ကို ပိုသတိရတယ်”လို့ သူမက ပရိသတ်ကို ရင်ဖွင့်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *