၂၅. ၄. ၂၀၂၄
Written by Nay Moe

ဖာပွန်မြို့နယ်အခြေစိုက် ခမရ (၃၄၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် ဧပြီ ၂၄ ရက်နေ့မှာ တော်ဝင်ဒေါင်းစစ်ကြောင်းက PDF နှစ်ယောက်သေဆုံးသွားတယ်လို့ Royal Peacock Column က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့ကို KNU/KNLA နဲ့ PDF တွေ သိမ်းလိုက်ပြီလို့ NUG က မတ်လကုန်မှာ ထုတ်ပြန်ထားပေမဲ့ အမှန်တကယ်သိမ်းနိုင်တာမဟုတ်သလို ဖာပွန်မြို့က စဗခ၊ ခလရ (၁၉)၊ ခမရ (၃၄၀)၊ ခမရ(၃၄၁)နဲ့ ခမရ (၄၃၄) တို့ ကျန်ရှိနေပြီး ဒီတပ်တွေထဲက ခမရ (၃၄၀) ကို မနေ့က ဝိုင်းတိုက်ချိန်မှာ Royal Peacock Column က PDF ရဲဘော်ကိုဘေကြီးနဲ့ ရဲဘော်ကိုငှက်တို့ ကျည်ထိသေဆုံးသွားတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အာဏာပဋိပက္ခနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလ (၁ ဖေဖော်ဝါရီလ ၂၀၂၁ မှ ၁၆ ဧပြီလ ၂၀၂၄)အတွင်း PDF ၄,၂၀၂ ဦးနဲ့ အရပ်သားဆိုသူ ၈၄၁၅ ဦး အပါအဝင် စုစုပေါင်း ၁၂,၆၁၇ ဦး သေဆုံးခဲ့တယ်လို့လည်း Spring Revolution Database (SRD) က ပြောထားပါတယ်။

ဒါပေမဲ့လည်း NUG ယာယီသမ္မတဒူဝါလရှီးလကတော့ ၂၀၂၂ ခုနှစ်မကုန်ခင် တစ်နှစ်ကျော်အတွင်းကို သူတို့ PDF တွေက လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀၀၀ ကျော် သတ်ထားတယ်ပြောသလို SAC ရဲ့ စာရင်းအရလည်း PDF တွေက”ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ဆောင်သူစွပ်စွဲချက်နဲ့ သတ်ဖြတ်ထားတဲ့ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးနဲ့ NLD ပါတီဝင်မဟုတ်သူ ၈၀၀၀ ကျော်ကို သတ်ဖြတ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News