၂၄.၄.၂၀၂၄
Written By Thandar

အနုပညာနဲ့ ပတ်သက်ရင် ဆေးစက်ကျရာဇာတ်ရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ မင်းသမီး ခိုင်သင်းကြည်ကတော့ ယနေ့ ဧပြီ ၂၄ ရက် နံနက်ပိုင်းက ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ လက်ထပ်ခဲ့တဲ့ မင်္ဂလာနှစ်ပတ် လည်က ၂၂ နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

“၂၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အလှူလုပ်ဖြစ်တယ် ” လို့ အကယ်ဒမီ ခိုင်သင်းကြည်က ပရိသတ်သိအောင် ပြောလာပါတယ်။

သူမကတော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့အတူ လက်တွဲခဲ့တဲ့ မင်္ဂလာနှစ်ပတ်လည် ၂၂ နှစ်ပြည့်အတွက် ကျပ် ၁၀ သိန်းကို လေးဆူဓာတ်ပုံ ရွှေတိဂုံဘုရားမှာ သမီးဖြစ်သူ စံထိပ်ထားဦးနဲ့အတူ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်သင်းကြည်က ရွှေတိဂုံဘုရားမှာ ပန်း ၊ ရေချမ်း ၊ ဆီးမီး ကပ်လှူခြင်းအပြင် ငှက်ကလေးလွှတ်ပြီး ကုသိုလ် ယူခဲ့တာလည်းဖြစ်ပါတယ်။

သူမက လာမယ့် ဧပြီ ၂၆ ရက်မှာ ရုံတင်ပြသမယ့် အပိုင်စား ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မြင့်မြတ် ၊ ကျော်ကျော်ဗိုလ် ၊ ခင်လှိုင် စတဲ့သူတွေနဲ့ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News