၂၄.၅.၂၀၂၅
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင်၊ ပေါင်းလောင်းမြစ်အတွင်း ရေကစားရာမှ ရေမကူးတတ်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးငယ်သားငယ်တစ်ဦး ရေနစ်၍သေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်ကို ဧပြီလ ၂၃ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံသို့ ဆက်သွယ်အကြောင်းကြားလာသောကြောင့် ရုပ်အလောင်းအားသယ်ဆောင်ပြီး ပြည်သူ့ဆေးရုံကုတင် (၁၀၀၀) ရင်ခွဲရုံမှ နေအိမ်သို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

“သူငယ်ချင်းတွေနဲ့လာကြတာ။ သူက ရေမကူးတတ်ဘူး။ သူရေနစ်တော့ အဲ့ဒီနားမှာ ငါးမျှားနေတဲ့သူက ကယ်တာ။ ဒါပေမဲ့ ကံမကောင်းဘူး။ သေသွားတယ်။ ရေနစ်တဲ့နေရာကို တိုင်စိုက်ပေးထားတာတော့ ရှိတယ်”ဟု ကရုဏာရှင်လူမှာကူညီရေးအသင်းရှိ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ရေနစ်သေဆုံးသည့် ရုပ်အလောင်းကို ဧပြီလ ၂၅ ရက် ညနေ ၃ နာရီအချိန်တွင် ကွေ့ကြီးသုဿာန်၌ သဂြိုလ်မည်ဖြစ်ကြောင်း၊ အလားတူ ပြီးခဲ့သည့် နှစ်ဆန်းတစ် ရက်နေ့ကလည်း ပေါင်းလောင်းမြစ်ဆိပ်တွင် ရေကစားရင်း တစ်ဝမ်းကွဲမောင်နှမနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ – ကရုဏာရှင်လူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *