၂၄.၄.၂၀၂၄.
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၏တောင်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာရှိ ဘာတန်ဂါ့စ်ပြည်နယ်အတွင်းမှ Taal မီးတောင်က လွန်ခဲ့သည့် ၂၄ နာရီအတွင်း မီးတောင်မပေါက်ကွဲမီ လှုပ်ခတ်မှုမျိုး လေးကြိမ်အပါအဝင် စုစုပေါင်း မြေငလျင်လှုပ်ခတ်မှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် မြေငလျင်ဆိုင်ရာအဖွဲ့က ဧပြီလ ၂၄ ရက်နံနက်တွင် ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုမတိုင်မီ လက္ခဏာများဟု ယူဆရသည့် အဆိုပါလှုပ်ခတ်မှုများက နှစ်မိနစ်မှ သုံးမိနစ်စီအထိ ကြာမြင့်ခဲ့ကြောင်းသိရပြီး မီးတောင်ပေါက်ကွဲနိုင်မှု သတိပေးချက် အဆင့်တစ်တွင် ရှိနေကြောင်းလည်း သိရသည်။

Taal မီးတောင်က ဧပြီလ ၂ ရက်တွင် ဆာလ်ဖါဒိုင်အောက်ဆိုဒ် ၃,၅၀၄ တန်ကို အမြင့် ၉၀၀ မီတာအထိ ထုတ်လွှတ်ခဲ့သေးကြောင်းလည်း သိရသည်။ ဧပြီလ ၂၀ ရက်တွင် မီးတောင်၏ထိပ်ဝ၌ ပူပြင်းမှုကြောင့်ဟု ယူဆရသည့် ပေါက်ကွဲမှု သုံးကြိမ်ခန့်ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း မီးတောင်ဝမှ ဓာတ်ငွေ့များအဆက်မပြတ်ထုတ်လွှတ်နေမှုက ပေါက်ကွဲမှုများကိုဖြစ်စေခဲ့ခြင်းဖြစ်ကာ Taal မီးတောင်အနေဖြင့် ပေါက်ကွဲမှုများဖြစ်လာနိုင်မည်လားဟုလည်း စောင့်ကြည့်နေကြောင်း မီးတောင်ပညာရှင်များက ဆိုသည်။

Ref—–inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *